ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမုိင္းျပတုိက္၌ တပ္မေတာ္သတင္းစာရွင္းလင္းပြဲျပဳလုပ္ 

 

ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမုိင္းျပတုိက္၌ တပ္မေတာ္သတင္းစာရွင္းလင္းပြဲျပဳလုပ္ 

 

ေနျပည္ေတာ္၊ ဇြန္ - ၂ 

၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၁ ရက္တြင္ ထုတ္ျပန္ခဲ့သည့္ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲ ေရးႏွင့္ထာ၀ရၿငိမ္း ခ်မ္းေရးအတြက္ တပ္မေတာ္မွ ထုတ္ျပန္ခ်က္ျပဳလုပ္ၿပီးေနာက္ပိုင္း လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ စည္း ကမ္းေဖာက္ဖ်က္မႈအေျခအေနမ်ား၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း NSCN(K) ႏွင့္ ဆက္စပ္အဖြဲ႕မ်ားမွ ဖမ္းဆီးရရွိမႈအေျခအေနမ်ား၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအတြက္ ေဆာင္ရြက္မႈ အေျခ အေနမ်ား၊ တပ္မေတာ္အေနျဖင့္ သက္ဆုိင္ရာတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားအလိုက္ ျပည္သူ႔အက်ဳိးျပဳ လုပ္ငန္း တာ၀န္မ်ားအား စဥ္ဆက္မျပတ္ေဆာင္ရြက္ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္(ေရ)၊ တပ္မေတာ္ (ေလ)တို႔မွ ေလ့က်င့္ေရးေဆာင္ရြက္မႈ၊ အာဆီယံ၊ အိမ္နီးခ်င္း ႏုိင္ငံမ်ားႏွင့္ ကာကြယ္ေရး ဆုိင္ရာပူးေပါင္း ေဆာင္ရြက္မႈ အေျခအေနမ်ား၊ တပ္မေတာ္မွ လူ႔စြမ္းအားအရင္းအျမစ္မ်ား ျမႇင့္တင္ႏုိင္ေရးေဆာင္ ရြက္ေပးမႈ အေျခအေနမ်ားႏွင့္ မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္း ေနမႈအေျခအေနမ်ားႏွင့္ပတ္သက္၍ တပ္မေတာ္သတင္း စာရွင္းလင္းပြဲကို ယေန႔ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမုိင္းျပတုိက္၌ ျပဳလုပ္သည္။ 

အဆိုပါသတင္းစာရွင္းလင္းပြဲသို႔တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ဥကၠ႒ ဗိုလ္ခ်ဳပ္ စိုးႏုိင္ဦး၊ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီ၊ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျပည္တြင္းသတင္း ဌာနမ်ား၊ ေန႔စဥ္ထုတ္သတင္းစာမ်ား၊ ဂ်ာနယ္မ်ား၊ ျပည္တြင္း႐ုပ္ျမင္သံၾကားသတင္း ဌာနမ်ား၊ ျပည္တြင္းအေျခစိုက္ ျပည္ပသတင္းဌာနမ်ား စုစုေပါင္းသတင္းဌာန ၃၀ ခုမွ သတင္းေထာက္ ၄၈ ဦး တက္ေရာက္ခဲ့ၾကသည္။ 

၎ေနာက္ တက္ေရာက္လာၾကသည့္ သတင္းဌာနအသီးသီးတို႔က သိရွိလိုသည္မ်ား ေမးျမန္းမႈအေပၚ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ျပန္လည္ရွင္းလင္း ေျပာၾကားခဲ့ၿပီး ေမးျမန္းေျဖၾကားမႈအျပည့္အစုံကို ျမ၀တီမီဒီယာ (You Tube Channel) တြင္ ဗီဒီယိုဖိုင္အား ၾကည့္႐ႈႏုိင္ၿပီး ေန႕စဥ္ထုတ္သတင္းစာမ်ားတြင္ ေဖာ္ျပသြားမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ် 

နေပြည်တော်၊ ဇွန် - ၂ 

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ ရေးနှင့်ထာဝရငြိမ်း ချမ်းရေးအတွက် တပ်မတော်မှ ထုတ်ပြန်ချက်ပြုလုပ်ပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ စည်း ကမ်းဖောက်ဖျက်မှုအခြေအနေများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း NSCN(K) နှင့် ဆက်စပ်အဖွဲ့များမှ ဖမ်းဆီးရရှိမှုအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်မှု အခြေ အနေများ၊ တပ်မတော်အနေဖြင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပြည်သူ့အကျိုးပြု လုပ်ငန်း တာဝန်များအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ တပ်မတော်(ရေ)၊ တပ်မတော် (လေ)တို့မှ လေ့ကျင့်ရေးဆောင်ရွက်မှု၊ အာဆီယံ၊ အိမ်နီးချင်း နိုင်ငံများနှင့် ကာကွယ်ရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ တပ်မတော်မှ လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်နိုင်ရေးဆောင် ရွက်ပေးမှု အခြေအနေများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း နေမှုအခြေအနေများနှင့်ပတ်သက်၍ တပ်မတော်သတင်း စာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲသို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်းသတင်းဌာန ၃၀ ခုမှ သတင်းထောက် ၄၈ ဦး တက်ရောက်ခဲ့ကြသည်။ 

၎င်းနောက် တက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး မေးမြန်းဖြေကြားမှုအပြည့်အစုံကို မြဝတီမီဒီယာ (You Tube Channel) တွင် ဗီဒီယိုဖိုင်အား ကြည့်ရှုနိုင်ပြီး နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ 

Recent News