



(Unicode Version)

စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ဘူးသီးတောင်နယ်မြေသို့ သွားရောက်စစ်ဆေး 

တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်သော စုံစမ်းစစ်ဆေး ရေးခုံရုံး(Court of Inquiry)အဖွဲ့သည် စုံစမ်းစစ်ဆေးမှုများကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ဘူးသီးတောင်နယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်းသုံးခု၊ အကျဉ်းထောင်တစ်ခုနှင့် ကျေးရွာငါးရွာတို့သို့သွားရောက်၍ လိုအပ်သည့်စုံစမ်း စစ်ဆေး မှုများကိုပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက်များကိုရယူဆောင်ရွက်ခဲ့ကြောင်းနှင့် စုံစမ်း စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 

Recent News