ေလာင္းလုံးၿမိဳ႔နယ္ရွိ ျမတ္ရွင္ေမာ္ဘုရားတြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၏ လွဴဒါန္းမႈျဖင္႕ ေျမထိန္းနံရံ တည္ေဆာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေလာင္းလုံးၿမိဳ႔နယ္ရွိ ျမတ္ရွင္ေမာ္ဘုရားတြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၏ လွဴဒါန္းမႈျဖင္႕ ေျမထိန္းနံရံ တည္ေဆာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇြန္ ၅ 

 

၂ဝ၁၈ ခုႏွစ္၊ ၾသဂုတ္ ၁ ရက္ နံနက္ပိုင္းတြင္ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ တနသၤာရီတိုင္း ေဒသႀကီး၊ ေလာင္းလုံး ၿမိဳ႕နယ္၊ ေက်ာက္မတ္တက္ ေက်းရြာအုပ္စု၊ ၾကက္လြတ္ေက်းရြာ၌ တည္ထားကိုးကြယ္ေသာ ျမတ္ရွင္ေမာ္ ဘုရား၏ အေနာက္ဘက္ ကမ္းပါးေျမၿပိဳက်မႈ ျဖစ္ပြားခဲ့သည္။ 

 

အဆိုပါကမ္းပါး ေျမၿပိဳက်မႈျဖစ္ပြားခဲ့သည့္ ေနရာအား ေျမထိန္းနံရံ တည္ေဆာက္ရန္အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ လွဴဒါန္းေငြက်ပ္ သိန္း ၁၅ဝဝ ျဖင့္ ကာကြယ္ ေရး ဦးစီးခ်ဳပ္႐ံုး (ၾကည္း)၊ စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမွဴး႐ံုးႏွင့္ တနသၤာရီတိုင္း ေဒသႀကီး၊ ျပည္သူ႔ ေဆာက္လုပ္ေရး လုပ္ငန္းတုိ႔မွ ကြၽမ္းက်င္ ပညာရွင္မ်ားပူးေပါင္းလ်က္ အလ်ား ေပ ၈ဝ၊ အျမင့္ ၄၆ ေပရွိ သံကူကြန္ကရစ္ အမ်ဳိးအစား ေျမထိန္း နံရံကို ၂ဝ၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၄ ရက္တြင္ စတင္ ေဆာင္ရြက္ခဲ့ရာ ယခုအခါ ၈၉ ရာခုိင္ႏႈန္းၿပီးစီးၿပီးျဖစ္သည္။ 

 

အဆုိပါေျမထိန္း နံရံတည္ေဆာက္ျခင္းလုပ္ငန္းေဆာင္ရြက္မႈအေျခအေနမ်ားကို ဇြန္ ၄ ရက္ နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္း ေဒသ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေသာင္းထိုက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈစစ္ေဆးကာ လိုအပ္သည္မ်ား ညိႇႏိႈင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။   

 

(Unicode Version)

 

လောင်းလုံးမြို့နယ်ရှိ မြတ်ရှင်မော်ဘုရားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ လှူဒါန်းမှုဖြင့် မြေထိန်းနံရံ တည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၅ 

၂ဝ၁၈ ခုနှစ်၊ သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံး မြို့နယ်၊ ကျောက်မတ်တက် ကျေးရွာအုပ်စု၊ ကြက်လွတ်ကျေးရွာ၌ တည်ထားကိုးကွယ်သော မြတ်ရှင်မော် ဘုရား၏ အနောက်ဘက် ကမ်းပါးမြေပြိုကျမှု ဖြစ်ပွားခဲ့သည်။ 

အဆိုပါကမ်းပါး မြေပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာအား မြေထိန်းနံရံ တည်ဆောက်ရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းငွေကျပ် သိန်း ၁၅ဝဝ ဖြင့် ကာကွယ် ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးနှင့် တနင်္သာရီတိုင်း ဒေသကြီး၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းတို့မှ ကျွမ်းကျင် ပညာရှင်များပူးပေါင်းလျက် အလျား ပေ ၈ဝ၊ အမြင့် ၄၆ ပေရှိ သံကူကွန်ကရစ် အမျိုးအစား မြေထိန်း နံရံကို ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်တွင် စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၉ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်သည်။ 

အဆိုပါမြေထိန်း နံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဇွန် ၄ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။   

Recent News