ေတာင္ငူၿမိဳ႔ရွိ ၾကာနီကန္ ပရိယတိၲ စာသင္တုိက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေတာင္ငူၿမိဳ႔ရွိ ၾကာနီကန္ ပရိယတိၲ စာသင္တုိက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇြန္ ၈ 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ ၾကာနီကန္ ပရိယတၱိစာသင္တိုက္ရွိ စာသင္/စာခ် သံဃာေတာ္မ်ားႏွင့္ အမွတ္(၁၈) ရပ္ကြက္ရွိ ေဒသခံ ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါ စာသင္တုိက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။ 

ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က စာသင္/စာခ်သံဃာေတာ္ ၇၂ ပါးႏွင့္ ေဒသခံျပည္သူ ၁၄ဝ ဦးတို႔ကို ေသြးတိုး ေရာဂါ၊ ဝမ္းေလွ်ာဝမ္းပ်က္ေရာဂါ၊ အစာအိမ္ေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အူလမ္းေၾကာင္းဆုိင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္လိုအပ္သူ ၁၃ ဦးကို ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔တက္ေရာက္ကုသႏိုင္ေရးစီစဥ္ေဆာင္ရြက္ေပးသည္။ 

ထို႔ျပင္ ECG စက္ျဖင့္ႏွလံုးစမ္းသပ္ေပးျခင္း၊Ultrasound စက္ျဖင့္ ေရာဂါရွာေဖြေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကို တိုင္း စစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈအားေပးၿပီး ေဒသခံ ျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ မ်က္စိ ေဝဒနာရွင္မ်ားအတြက္ ေဆးမ်က္မွန္မ်ား တပ္ဆင္ ေပးအပ္၍ စာသင္တိုက္ ဆရာေတာ္ ဘဒၵႏၲေကာဝိဒအားဖူးေျမာ္ကာ ဆြမ္းဆန္ေတာ္ႏွင့္ လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္း ခ့ဲေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

တောင်ငူမြို့ရှိ ကြာနီကန် ပရိယတ္တိ စာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၈ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကြာနီကန် ပရိယတ္တိစာသင်တိုက်ရှိ စာသင်/စာချ သံဃာတော်များနှင့် အမှတ်(၁၈) ရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ စာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က စာသင်/စာချသံဃာတော် ၇၂ ပါးနှင့် ဒေသခံပြည်သူ ၁၄ဝ ဦးတို့ကို သွေးတိုး ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၁၃ ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ECG စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်း၊Ultrasound စက်ဖြင့် ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဒေသခံ ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် မျက်စိ ဝေဒနာရှင်များအတွက် ဆေးမျက်မှန်များ တပ်ဆင် ပေးအပ်၍ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒအားဖူးမြော်ကာ ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News