

နေပြည်တော် ဇွန် ၈ 




(Unicode Version) 

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ပြုလုပ် 

နေပြည်တော် ဇွန် ၈ 

ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းစွာ ပညာ သင်ကြားနိုင်စေရန်နှင့် ကျောင်း ပတ်ဝန်းကျင် သန့်ရှင်း သာယာ လှပစေရေး အတွက် ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုမိန်းမြို့ အခြေခံ ပညာ အထက်တန်းကျောင်း ၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ် ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မြိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ(ရွှေပေး)နှင့် အခြေခံပညာအထက် တန်းကျောင်း(ပနို)၊ ထားဝယ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ညောင် ရမ်းတောင်)၊ ကလိန်အောင်မြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း(ကျောက္ကညှာ)၊ 

သရက် ချောင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်း(သရက်ချောင်း)၊ ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ တနင်္သာရီ မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (အောက်ကင်း)၊ ဘုတ်ပြင်းမြို့နယ်ရှိ အခြေခံ ပညာအထက်တန်းကျောင်း (ဘုတ်ပြင်း)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(အောင် ဘာလမ်းခွဲ)နှင့် အခြေခံ ပညာ အလယ်တန်း ကျောင်း၊ ကော့သောင်းမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် ခမောက်ကြီးမြို့၊ အခြေခံ ပညာမူလတန်းလွန် ကျောင်းတို့၌ လည်းကောင်း၊ 

ရန်ကုန်တိုင်းစစ် ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လသာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၌လည်း ကောင်း၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ် မှ နယ်မြေခံ တပ်မတော်သားများက ဟုမ္မလင်း မြို့ရှိ အမှတ်(၆) အခြေခံပညာမူလတန်း ကျောင်း၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ် ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကုန်း ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ၌ လည်းကောင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

Recent News