

 

နေပြည်တော် ဇွန် ၈



 

(Unicode Version)

 

သရက်ချောင်းမြို့နယ်၊ ပန်းချီရှောင်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် ဇွန် ၈ 

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပန်းချီရှောင် ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူမျာ းအား ဇွန် ၇ ရက်နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံပြည်သူ ၁၆၂ ဦးတို့ကို ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင် ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News