ေတာင္ႀကီးၿမိဳ႔၊ အမွတ္(၇)အေျခခံပညာ အထက္တန္းေက်ာင္း၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ 

ေတာင္ႀကီးၿမိဳ႔၊ အမွတ္(၇)အေျခခံပညာ အထက္တန္းေက်ာင္း၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ 

ေနျပည္ေတာ္ ဇြန္ ၁ဝ 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ အမွတ္(၇)အေျခခံပညာအထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္း တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမ ၇၃ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၃၃၉ ဦးတို႔ကို ေပါင္ခ်ိန္ျခင္း၊ အရပ္တုိင္းျခင္း၊ တစ္ကိုယ္ေရ က်န္းမာေရး စစ္ေဆးေပးျခင္းႏွင့္ သြားႏွင့္ ခံတြင္းေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပး သည္။ 

ထို႔ျပင္ ေဆးကုသေရးအဖြဲ႕က ေသြးလြန္ တုပ္ေကြးေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ျခင္အႏၲရာယ္ ကင္းေဝး ေစရန္ ျခင္ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္အဖြဲ႕ဝင္မ်ား က သြားေရာက္ၾကည့္႐ႈအားေပးၿပီး လိုအပ္ သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

တောင်ကြီးမြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် ဇွန် ၁ဝ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ၇၃ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၃၃၉ ဦးတို့ကို ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။ 

ထို့ပြင် ဆေးကုသရေးအဖွဲ့က သွေးလွန် တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ခြင်အန္တရာယ် ကင်းဝေး စေရန် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်အဖွဲ့ဝင်များ က သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။   

Recent News