

နေပြည်တော် ဇွန် ၁ဝ 

 


 


 

(Unicode Version)

 

ပုသိမ်မြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁ဝ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ၁ဝ ဦးတို့ကို ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်းနှင့် မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ လည်ပင်းကြီးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

Recent News