ပခုကၠဴၿမိဳ့ရွိ အမွတ္(၄)အေျခခံပညာ အထက္တန္းေက်ာင္းႏွင္႕ ရြာသစ္ကုန္း အေျခခံပညာ မူလတန္းေက်ာင္းတုိ့ရွိ ဆရာ၊ ဆရာမမ်ားအား ေက်ာင္းဝတ္စံုမ်ား ေပးအပ္ 

ပခုကၠဴၿမိဳ့ရွိ အမွတ္(၄)အေျခခံပညာ အထက္တန္းေက်ာင္းႏွင္႕ ရြာသစ္ကုန္း အေျခခံပညာ မူလတန္းေက်ာင္းတုိ့ရွိ ဆရာ၊ ဆရာမမ်ားအား ေက်ာင္းဝတ္စံုမ်ား ေပးအပ္ 

ေနျပည္ေတာ္ ဇြန္ ၁၁ 

 

မေကြးတုိင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕ရွိ အမွတ္(၄) အေျခခံပညာ အထက္တန္းေက်ာင္းႏွင့္ ရြာသစ္ကုန္း အေျခခံပညာ မူလတန္းေက်ာင္းတုိ႔ရွိ ဆရာ၊ ဆရာမမ်ားအား ေက်ာင္းဝတ္စံုမ်ား ေပးအပ္ျခင္းကို ယေန႔နံနက္ပုိင္းတြင္ အမွတ္(၄)အေျခခံပညာ အထက္တန္းေက်ာင္း ခန္းမ၌ျပဳလုပ္ရာ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၊ ပခုကၠဴတပ္နယ္မွ တာဝန္ရွိသူမ်ားႏွင့္ ဆရာ၊ ဆရာမမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ တာဝန္ရွိသူတစ္ဦးက ေက်ာင္းဝတ္စံုမ်ား ေပးအပ္ရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားၿပီး ဆရာ၊ ဆရာမ ၄၆ ဦးအတြက္ ေက်ာင္းဝတ္စံုမ်ားအား ေပးအပ္ရာ ဆရာ၊ဆရာမတစ္ဦးစီက လက္ခံရယူၾကသည္။ ထုိ႔ေနာက္ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေက်ာင္းပတ္ဝန္းက်င္ သန္႔ရွင္းသာယာ လွပေစေရးအတြက္ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ အမႈိက္က်င္းမ်ား တူးေပးျခင္းႏွင့္ သန္႔ရွင္းေရး ျပဳလုပ္ျခင္းတုိ႔ကို စုေပါင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ပခုက္ကူမြို့ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာသစ်ကုန်း အခြေခံပညာ မူလတန်းကျောင်းတို့ရှိ ဆရာ၊ ဆရာမများအား ကျောင်းဝတ်စုံများ ပေးအပ် 

နေပြည်တော် ဇွန် ၁၁ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာသစ်ကုန်း အခြေခံပညာ မူလတန်းကျောင်းတို့ရှိ ဆရာ၊ ဆရာမများအား ကျောင်းဝတ်စုံများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ပခုက္ကူတပ်နယ်မှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။ 

ဦးစွာ တာဝန်ရှိသူတစ်ဦးက ကျောင်းဝတ်စုံများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆရာ၊ ဆရာမ ၄၆ ဦးအတွက် ကျောင်းဝတ်စုံများအား ပေးအပ်ရာ ဆရာ၊ဆရာမတစ်ဦးစီက လက်ခံရယူကြသည်။ ထို့နောက် နယ်မြေခံ တပ်မတော်သားများက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကျင်းများ တူးပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News