မိုင္း႐ွဴးၿမိဳ႔၊ မိုင္းေအာ့ေက်းရြာ၊ အေျခခံပညာ အလယ္တန္းေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

မိုင္း႐ွဴးၿမိဳ႔၊ မိုင္းေအာ့ေက်းရြာ၊ အေျခခံပညာ အလယ္တန္းေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇြန္ ၁၁ 

 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ မိုင္း႐ွဴးၿမိဳ႕၊ မုိင္းေအာ့ေက်းရြာရွိ အေျခခံပညာ အလယ္တန္းေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမရွစ္ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၃ဝ၃ ဦးတို႔ကို အေရျပား/ ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ တုပ္ေကြးေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ အဆုတ္ေရာဂါ၊ ေသြးအားနည္းေရာဂါ၊ အစာအိမ္ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းႏွင့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအား အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထို႔ျပင္ ေဆးကုသေရးအဖြဲ႕က ေသြးလြန္တုပ္ေကြးႏွင့္ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါတို႔အေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကို နယ္ေျမခံတပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး စာသင္ေက်ာင္းအတြက္ အေရးေပၚ ေဆးေသတၱာႏွင့္ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

မိုင်းရှူးမြို့၊ မိုင်းအော့ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁၁ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၊ မိုင်းအော့ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမရှစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃ဝ၃ ဦးတို့ကို အရေပြား/ ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောဂါ၊ သွေးအားနည်းရောဂါ၊ အစာအိမ်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းနှင့် ကျောင်းသား၊ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ဆေးကုသရေးအဖွဲ့က သွေးလွန်တုပ်ကွေးနှင့်ဝမ်းပျက်ဝမ်းလျှော ရောဂါတို့အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး စာသင်ကျောင်းအတွက် အရေးပေါ် ဆေးသေတ္တာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News