

 

နေပြည်တော် ဇွန် ၁၁ 

 


 

(Unicode Version)

 

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံ တိုင်းရင်းသား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ 

နေပြည်တော် ဇွန် ၁၁ 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာနေ ဦးရဲထွန်း(ဘ) ဦးတွဲလဲသည် ယနေ့နံနက် ၈ နာရီ ၁ဝ မိနစ် ခန့်တွင် ၎င်း၏ဇနီးဖြစ်သူနှင့်အတူ ဖက်ဝန်း ချောင်းတောင်သို့ မျှစ်ချိုးရန် သွားရောက်စဉ် ကျေးရွာ၏အနောက်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရနင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးရဲထွန်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါမိုင်းထိလူနာအား ကျောက်တော်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။  

Recent News