ေတာင္ငူၿမိဳ့ရွိ သီတဂူေကတုမတီ ဗုဒၶတကၠသုိလ္ႏွင္႕သီတဂူအာယုဒါန ေဆး႐ံုေတာ္ အတြက္ အလွဴေငြမ်ား ဆက္ကပ္ လွဴဒါန္း 

ေတာင္ငူၿမိဳ့ရွိ သီတဂူေကတုမတီ ဗုဒၶတကၠသုိလ္ႏွင္႕သီတဂူအာယုဒါန ေဆး႐ံုေတာ္ အတြက္ အလွဴေငြမ်ား ဆက္ကပ္ လွဴဒါန္း 

ေနျပည္ေတာ္ ဇြန္ ၁၁ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ သီတဂူေကတုမတီ ဗုဒၶတကၠသုိလ္ႏွင့္ သီတဂူအာယုဒါန ေဆး႐ံုေတာ္(ေတာင္ငူ)အတြက္ အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းျခင္း၊ သီတဂူေကတုမတီ ဗုဒၶတကၠသုိလ္၏ ၂ဝ၁၉-၂ဝ၂ဝ ပညာသင္ႏွစ္ေက်ာင္းဖြင့္ပြဲႏွင့္ ေက်ာင္းသားသစ္ႀကိဳဆုိပြဲကို ယေန႔နံနက္ပုိင္းတြင္ အဆုိပါ တကၠသုိလ္၌ျပဳလုပ္ရာ ေရႊက်င္နိကာယဥပဥကၠ႒၊ တြဲဖက္ေရႊက်င္ သာသနာပုိင္ သီတဂူ ဗုဒၶတကၠသုိလ္မ်ားႏွင့္ သီတဂူ ေဆး႐ံုေတာ္မ်ား၏ အဓိပတိ၊ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ အဂၢမဟာပ႑ိတ၊ မဟာဓမၼကထိက ဗဟုဇနဟိတဓရ အဂၢမဟာဂႏၳဝါစကပ႑ိတ ေဒါက္တာဘဒၵႏၲ အရွင္ဉာဏိႆရ အမွဴးျပဳေသာ သံဃာေတာ္မ်ားႏွင့္ စာသင္စာခ် သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အရာရွိ၊စစ္သည္၊ မိသားစုမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ တုိင္းမွဴးႏွင့္ ေစတနာရွင္ အလွဴရွင္မ်ားက သီတဂူေကတုမတီ ဗုဒၶတကၠသုိလ္ႏွင့္ သီတဂူအာယုဒါနေဆး႐ံုေတာ္(ေတာင္ငူ)အတြက္ အလွဴေငြမ်ား ဆက္ကပ္ လွဴဒါန္းၾကရာ အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။ ထုိ႔ေနာက္ သီတဂူ ဆရာေတာ္ႀကီးထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကသည္။ ယင္းေနာက္ စာသင္သံဃာေတာ္မ်ားအား သီတဂူဆရာေတာ္ႀကီးက ၾသဝါဒကထာ ခ်ီးျမႇင့္သည္။ ¤င္းေနာက္ တုိင္းမွဴးႏွင့္ ေစတနာရွင္ အလွဴရွင္မ်ားက စာသင္သံဃာမ်ားထံ စာေရးကိရိယာႏွင့္ လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴပူေဇာ္ၿပီး သီတဂူဆရာေတာ္ႀကီး အမွဴးျပဳေသာ သံဃာေတာ္မ်ားအားအ႐ုဏ္ဆြမ္းႏွင့္ ေန႔ဆြမ္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။        

 

(Unicode Version)

 

တောင်ငူမြို့ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့်သီတဂူအာယုဒါန ဆေးရုံတော် အတွက် အလှူငွေများ ဆက်ကပ် လှူဒါန်း 

နေပြည်တော် ဇွန် ၁၁ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအာယုဒါန ဆေးရုံတော်(တောင်ငူ)အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၏ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်ကျောင်းဖွင့်ပွဲနှင့် ကျောင်းသားသစ်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်၌ပြုလုပ်ရာ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင် သာသနာပိုင် သီတဂူ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ အမှူးပြုသော သံဃာတော်များနှင့် စာသင်စာချ သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအာယုဒါနဆေးရုံတော်(တောင်ငူ)အတွက် အလှူငွေများ ဆက်ကပ် လှူဒါန်းကြရာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ထို့နောက် သီတဂူ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် စာသင်သံဃာတော်များအား သီတဂူဆရာတော်ကြီးက သြဝါဒကထာ ချီးမြှင့်သည်။ ¤င်းနောက် တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက စာသင်သံဃာများထံ စာရေးကိရိယာနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပြီး သီတဂူဆရာတော်ကြီး အမှူးပြုသော သံဃာတော်များအားအရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။        

                

Recent News