အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇြန္ ၁၂ 

 

ရန္ကုန္တုိင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ ဆပ္သြားေတာေက်းရြာရွိ အမွတ္(၂)အေျခခံ ပညာအထက္တန္းေက်ာင္းရွိ ဆရာ၊ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်ာင္းရွိ ေရႊရတုခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမ ၇ဝ ဦးႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူ ၁၅ဝဝ ဦးတုိ႔အား သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ ခြဲစိတ္ကုသ မႈဆိုင္ရာေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါ တုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ေဆးကုသေရးအဖြဲ႕က ေသြးလြန္တုပ္ေကြးေရာဂါႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါ အေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေက်ာင္းဝင္းအတြင္း ျခင္ခိုေအာင္းႏုိင္သည့္ ေနရာမ်ားအား ျခင္ေဆး ဖ်န္းျခင္းႏွင့္ အဘိတ္ ေဆးထည့္ေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁၂ 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာရှိ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်းရှိ ရွှေရတုခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၇ဝ ဦးနှင့် ကျောင်း သား၊ ကျောင်းသူ ၁၅ဝဝ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးကုသရေးအဖွဲ့က သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေး ဖျန်းခြင်းနှင့် အဘိတ် ဆေးထည့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News