ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ 

ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ 

 

ေနျပည္ေတာ္ ဇြန္ ၁၂ 

 

ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕ရွိ အေျခခံပညာမူလတန္းေက်ာင္း(တံခြန္တိုင္)ရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၁၆၅ ဦးအား ေသြးအုပ္စုခြဲျခားေပးျခင္း၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေသြးလြန္တုပ္ေကြးေရာဂါႏွင့္ သြားေရာဂါအေၾကာင္း သိေကာင္းစရာမ်ား က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးၿပီး စာသင္ေက်ာင္းအတြက္ Emergency Box အား ေပးအပ္ခဲ့သည္။ 

 

အလားတူ ေဆးကုသေရးအဖြဲ႕က ယေန႔နံနက္ပိုင္းတြင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕၊ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၆၆၇ ဦးအား ေက်ာင္းက်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေက်ာင္းဝတ္စုံ ၇၂ စုံႏွင့္ ေဆးေသတၱာ တစ္လုံးတို႔အား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

 

ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁၂ 

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း(တံခွန်တိုင်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၁၆၅ ဦးအား သွေးအုပ်စုခွဲခြားပေးခြင်း၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် သွားရောဂါအကြောင်း သိကောင်းစရာများ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးပြီး စာသင်ကျောင်းအတွက် Emergency Box အား ပေးအပ်ခဲ့သည်။ 

အလားတူ ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၆၇ ဦးအား ကျောင်းကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၇၂ စုံနှင့် ဆေးသေတ္တာ တစ်လုံးတို့အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။  

Recent News