မိတီၴလာၿမိဳ႔ႏွင္႕ သပိတ္က်င္းၿမိဳ႕တို႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေက်ာင္းက်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ 

မိတီၴလာၿမိဳ႔ႏွင္႕ သပိတ္က်င္းၿမိဳ႕တို႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေက်ာင္းက်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇြန္ ၁၂ 

 

မႏၲေလးတိုင္းေဒသႀကီး၊ မိတၴီလာၿမိဳ႕၊ အမွတ္(၅)အေျခခံပညာ အထက္တန္းေက်ာင္းႏွင့္ သပိတ္က်င္းၿမိဳ႕၊ အေျခခံပညာ အထက္တန္းေက်ာင္း (ဝါးျဖဴေတာင္)တို႔ရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းက အလယ္ပိုင္း တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္းမ်ား၌ ေက်ာင္းက်န္းမာေရး စစ္ေဆးကုသေပး ျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထိုသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၃၇ဝ၅ ဦးတို႔အား အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကိုယ္ေရသန္႔ရွင္းေရးစစ္ ေဆးျခင္း၊ အာထရာေဆာင္း႐ိုက္ စစ္ေဆးေပးျခင္း၊ သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေက်ာင္းဝင္းအတြင္းရွိ ေရကန္မ်ားအား (ABATE) ေဆးခတ္ေပးျခင္း၊ ျခင္ခုိေအာင္းႏိုင္သည့္ ေနရာမ်ားသုိ႔ ျခင္ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

မိတ္ထီလာမြို့နှင့် သပိတ်ကျင်းမြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁၂ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းနှင့် သပိတ်ကျင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (ဝါးဖြူတောင်)တို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းများ၌ ကျောင်းကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၇ဝ၅ ဦးတို့အား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ် ဆေးခြင်း၊ အာထရာဆောင်းရိုက် စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းဝင်းအတွင်းရှိ ရေကန်များအား (ABATE) ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများသို့ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News