ပေလာက္ၿမိဳ႔ႏွင့္ ပုေလာၿမိဳ႔နယ္တို႕ရွိ ဆရာ၊ ဆရာမမ်ားႏွင္႕ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ ေက်ာင္းဝတ္စံု၊ အားကစားပစၥည္းမ်ားႏွင္႕ စာသင္ေဆာင္မ်ားအတြက္ အမိုးသြပ္မ်ား ေပးအပ္ 

ပေလာက္ၿမိဳ႔ႏွင့္ ပုေလာၿမိဳ႔နယ္တို႕ရွိ ဆရာ၊ ဆရာမမ်ားႏွင္႕ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ ေက်ာင္းဝတ္စံု၊ အားကစားပစၥည္းမ်ားႏွင္႕ စာသင္ေဆာင္မ်ားအတြက္ အမိုးသြပ္မ်ား ေပးအပ္ 

ေနျပည္ေတာ္ ဇြန္ ၁၂ 

 

တနသၤာရီတိုင္းေဒသႀကီး၊ ပေလာက္ၿမိဳ႕၊ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေက်ာင္းဝတ္စံု၊ အားကစားပစၥည္းမ်ား၊ စားေသာက္ဖြယ္ရာမ်ားႏွင့္ စာသင္ေဆာင္ အေဆာက္အအံုမ်ား အတြက္ အမိုးသြပ္မ်ား ေပးအပ္ပြဲကို ဇြန္ ၁၁ ရက္ နံနက္ပိုင္းတြင္ အဆိုပါေက်ာင္း၌ျပဳလုပ္ရာ ကမ္း႐ိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ေသာင္းထိုက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ၾကသည္။ ဦးစြာ တိုင္းမွဴးက အမွာစကား ေျပာၾကားၿပီး ဆရာ၊ ဆရာမမ်ားအတြက္ ေက်ာင္းဝတ္စံု၊ စားေသာက္ဖြယ္ရာ ပစၥည္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ အားကစားပစၥည္းမ်ား ေပးအပ္ရာ ေက်ာင္းအုပ္ဆရာမႀကီးႏွင့္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသားမ်ားက လက္ခံရယူၾကၿပီး ေက်ာင္းအုပ္ဆရာမႀကီးက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားသည္။ 

 

ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ၾကၿပီး ေက်းရြာအစီအစဥ္ျဖင့္ အသစ္ေဆာက္လုပ္လ်က္ရွိေသာ စာသင္ေဆာင္အတြက္ အမိုးသြပ္ ၁၅ဝ ခ်ပ္အား ေပးအပ္ရာ ေက်ာင္းအုပ္ဆရာမႀကီးက လက္ခံရယူသည္။ ဆက္လက္၍ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ပုေလာၿမိဳ႕နယ္၊ မင္းထိန္ေက်းရြာ၊ အေျခခံပညာ မူလတန္းေက်ာင္းရွိ ေက်ာင္းအုပ္ႀကီးႏွင့္ ဆရာ၊ ဆရာမမ်ားအား ေတြ႕ဆံု၍ သက္ငယ္မိုး စာသင္ေဆာင္အတြက္ အမိုးသြပ္ ၆၈ ခ်ပ္၊ ဆရာ၊ ဆရာမမ်ားအတြက္ ေက်ာင္းဝတ္စံုႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

ပလောက်မြို့နှင့် ပုလောမြို့နယ်တို့ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ၊ အားကစားပစ္စည်းများနှင့် စာသင်ဆောင်များအတွက် အမိုးသွပ်များ ပေးအပ် 

နေပြည်တော် ဇွန် ၁၂ 

တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ အားကစားပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် စာသင်ဆောင် အဆောက်အအုံများ အတွက် အမိုးသွပ်များ ပေးအပ်ပွဲကို ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး ဆရာ၊ ဆရာမများအတွက် ကျောင်းဝတ်စုံ၊ စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားများက လက်ခံရယူကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ကျေးရွာအစီအစဉ်ဖြင့် အသစ်ဆောက်လုပ်လျက်ရှိသော စာသင်ဆောင်အတွက် အမိုးသွပ် ၁၅ဝ ချပ်အား ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ သက်ငယ်မိုး စာသင်ဆောင်အတွက် အမိုးသွပ် ၆၈ ချပ်၊ ဆရာ၊ ဆရာမများအတွက် ကျောင်းဝတ်စုံနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News