

နေပြည်တော် ဇွန် ၁၂ 

 


 

(Unicode Version)

 

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ 

နေပြည်တော် ဇွန် ၁၂ 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အောင်ဒိုင်ကျေးရွာနေ ဟူသွင်ရှော်ရီ (ဘ)ဂူရူမျှာသည် ယနေ့နံနက် ၉ နာရီ ၁ဝ မိနစ်ခန့်တွင် နွားပျောက်ရှာရန် ထွက်ခွာလာစဉ် ၎င်းကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ကျေးရွာ ချင်းဆက်လမ်းသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါမိုင်းထိလူနာအား မြောင်းဘွေတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်း ရရှိသည်။ 

Recent News