တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဥေရာပသမဂၢ၏ လူ႕အခြင့္အေရးဆုိင္ရာ အထူးကုိယ္စားလွယ္ Mr. Eamon Gilmore အားလက္ခံေတြ႕ဆုံ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဥေရာပသမဂၢ၏ လူ႕အခြင့္အေရးဆုိင္ရာ အထူးကုိယ္စားလွယ္ Mr. Eamon Gilmore အားလက္ခံေတြ႕ဆုံ 

ေနျပည္ေတာ္၊ ဇြန္ - ၁၃ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဥေရာပသမဂၢ၏ လူ႕အခြင့္အေရး ဆုိင္ရာအထူးကုိယ္စားလွယ္ Mr. Eamon Gilmoreအား နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။ 
ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ႏုိင္သည့္ အေျခအေနမ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။ 
အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဥေရာပသမဂၢ၏ လူ႕အခြင့္အေရးဆုိင္ရာ အထူးကုိယ္စားလွယ္ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ဥေရာပသမဂၢသံ အမတ္ႀကီး Mr. Kristian Schmidt ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္းသတင္းရရွိသည္။ 

 

(Unicode Version)

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore အားလက်ခံတွေ့ဆုံ 

နေပြည်တော်၊ ဇွန် - ၁၃ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာအထူးကိုယ်စားလှယ် Mr. Eamon Gilmoreအား နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ 
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံ အမတ်ကြီး Mr. Kristian Schmidt နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။ 

Recent News