ေတာင္ငူၿမိဳ႔၊ လက္ခုပ္ကုန္းေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေတာင္ငူၿမိဳ႔၊ လက္ခုပ္ကုန္းေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 
 

ေနျပည္ေတာ္ ဇြန္ ၁၃ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ ဗိုလ္ကေတာ္ေက်းရြာအုပ္စု၊ လက္ခုပ္ကုန္းေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ သံုးပါးႏွင့္ ေဒသခံ တုိင္းရင္းသားျပည္သူ ၈၄ ဦးတို႔ကို ေသြးလြန္တုပ္ေကြးေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ အစာအိမ္ေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါ တုိ႔ႏွင့္ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ေပးျခင္း၊ Ultrasound စက္ျဖင့္ ေရာဂါရွာေဖြ ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံု တက္ေရာက္ကုသရန္ လိုအပ္သူ ရွစ္ဦးကို ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ထုိ႔ျပင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူမ်ားအား ေသြးလြန္တုပ္ေကြး ေရာဂါႏွင့္ ပတ္သက္၍ က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

တောင်ငူမြို့၊ လက်ခုပ်ကုန်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁၃ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဗိုလ်ကတော်ကျေးရွာအုပ်စု၊ လက်ခုပ်ကုန်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် သုံးပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၈၄ ဦးတို့ကို သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ရှစ်ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ထို့ပြင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေး ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Recent News