ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ 

ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ 
 

ေနျပည္ေတာ္ ဇြန္ ၁၃ 

 

ရန္ကုန္တုိင္းေဒသႀကီး၊ တုိက္ႀကီးၿမိဳ႕နယ္၊ ခ်င္းကုန္းေက်းရြာအုပ္စု၊ ဘန္႔ေဘြးကြင္းေက်းရြာရွိ အေျခခံပညာ အထက္တန္းေက်ာင္း (ဘန္႔ေဘြးကြင္း)မွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမ ၃၆ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁ဝ၁၂ ဦးတုိ႔အား သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေသြးလြန္တုပ္ေကြး ေရာဂါႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါမ်ားႏွင့္ ပတ္သက္၍ က်န္းမာေရး အသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁၃ 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကွင်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ဘန့်ဘွေးကွင်း)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၃၆ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ၁၂ ဦးတို့အား သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေး ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News