

နေပြည်တော် ၊ ဇွန် - ၁၉ 





 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Electronic Technology(Group) Corporation(CETC) ကုမ္ပဏီ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ 

နေပြည်တော် ၊ ဇွန် - ၁၉ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Electronic Technology(Group) Corporation(CETC) ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Xiong Qunli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Electronic Technology(Group) Corporation (CETC) ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာ့တပ်မတော်၏ Electronic နည်းပညာရပ် ဆိုင်ရာများဖွံ့ဖြိုးတိုးတက်ရေး အတွက်ပူးပေါင်း ဆောင်ရွက် မည့်ကိစ္စရပ်များ၊ နည်းပညာရပ် ဆိုင်ရာ တရုတ်- မြန်မာ ပူးတွဲစီမံခန့်ခွဲရေးကော်မတီဖွဲ့ စည်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ China Electronic Technology(Group) Corporation (CETC) ကုမ္ပဏီ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News