က်ဳိင္းတံုၿမိဳ႔၊ အမွတ္(၅)အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

က်ဳိင္းတံုၿမိဳ႔၊ အမွတ္(၅)အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇြန္ ၁၉ 

 

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ က်ဳိင္းတံုၿမိဳ႕၊ အမွတ္(၅)အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်ာင္း၌ က်န္းမာ ေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ ေပးသည္။ ထုိသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမ ၄၅ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၂ဝ၉၆ ဦးတို႔အား အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကုိယ္ေရ သန္႔ရွင္းေရး စစ္ေဆးေပးျခင္း၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေရျပားေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိ႔ျပင္ ေဆးကုသေရးအဖြဲ႕က ေသြးလြန္တုပ္ေကြး ေရာဂါအေၾကာင္း က်န္းမာေရး အသိ ပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ျခင္အႏၲရာယ္ ကင္းေဝးေစရန္ ျခင္ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသုိ႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး လုိအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

 

ကျိုင်းတုံမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁၉ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ၄၅ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂ဝ၉၆ ဦးတို့အား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ဆေးကုသရေးအဖွဲ့က သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ကျန်းမာရေး အသိ ပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ခြင်အန္တရာယ် ကင်းဝေးစေရန် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။   

Recent News