ျပင္ဦးလြင္ၿမိဳ့နယ္ရွိ စစ္မႈထမ္းေဟာင္း အဖြဲ့ဝင္မ်ားႏွင္႕ မိသားစုဝင္ မ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ျပင္ဦးလြင္ၿမိဳ့နယ္ရွိ စစ္မႈထမ္းေဟာင္း အဖြဲ့ဝင္မ်ားႏွင္႕ မိသားစုဝင္ မ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇြန္ ၁၉ 

 

မႏၲေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္ရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအား ယေန႔နံနက္ပုိင္းတြင္ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္္ေဆးကုသေရး အဖြဲ႕က အဆုိပါ စစ္မႈထမ္းေဟာင္း အိမ္ရာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

 

 ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ ၂၆၅ ဦးတုိ႔ကို ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတု႔ိႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီးေဆး႐ံုတက္ေရာက္ ကုသရန္ လုိအပ္သူ ၂၂ ဦးကို နီးစပ္ရာ တပ္မေတာ္ေဆး႐ုံသုိ႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ေဆးကုသေရးအဖြဲ႕က က်န္းမာစြာ ေနထိုင္စားေသာက္နည္း ေခါင္းစဥ္ျဖင့္ က်န္းမာ ေရး အသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

ပြင်ဦးလွင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁၉ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ စစ်မှုထမ်းဟောင်း အိမ်ရာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် ၂၆၅ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတု့ိနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီးဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၂၂ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးကုသရေးအဖွဲ့က ကျန်းမာစွာ နေထိုင်စားသောက်နည်း ခေါင်းစဉ်ဖြင့် ကျန်းမာ ရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News