ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ ကြပ္ကဲမႈေအာက္ တပ္နယ္မ်ားရွိ စာသင္ေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ ကြပ္ကဲမႈေအာက္ တပ္နယ္မ်ားရွိ စာသင္ေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇြန္ ၁၉

 

 ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္နယ္အသီးသီးရွိ စာသင္ေက်ာင္းမ်ား၌ ယေန႔နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕မ်ားက ေက်ာင္း က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးရာ ပဲခူးတုိင္းေဒသႀကီး၊ ေရတာရွည္ ၿမိဳ႕နယ္၊ သာဂရအေျခခံပညာ အထက္တန္းေက်ာင္းႏွင့္ ဆြာၿမိဳ႕၊ ေအးသုခေက်းရြာ အေျခခံပညာမူလတန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၈၁၁ ဦးတို႔ကို လည္းေကာင္း၊ အုတ္တြင္း ၿမိဳ႕နယ္၊ ေဗာဓိကုန္းေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၁ဝဝ၄ ဦးတုိ႔ကိုလည္းေကာင္း၊ ေရႊက်င္ၿမိဳ႕၊ အေနာက္ဘက္ေက်းရြာ၊ အေျခခံပညာ အလယ္တန္းေက်ာင္းခြဲရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၄၁၅ ဦးတို႔ကုိ လည္းေကာင္း၊ ပဲခူးၿမိဳ႕၊ ႐ုံးႀကီးရပ္ကြက္၊ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူ၂၁၇ ဦးတုိ႔ကို လည္းေကာင္း၊ အင္းမၿမိဳ႕၊ သီရိကန္သာရပ္ကြက္၊ အေျခခံပညာ မူလတန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၁၃၉ ဦးတုိ႔ကုိ လည္းေကာင္း၊ သာယာဝတီၿမိဳ႕နယ္၊ သာယာေအးေက်းရြာ၊ တြဲဖက္အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၇၂၆ ဦးတုိ႔ကိုလည္းေကာင္း၊ ပန္းေတာင္း ၿမိဳ႕နယ္၊ ေညာင္ေျခေထာက္ေက်းရြာ၊ အေျခခံပညာအလယ္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၅၇၃ ဦးတုိ႔ကို လည္းေကာင္း၊ ဆင္စုရပ္ကြက္၊ အေျခခံပညာအလယ္တန္း ေက်ာင္းခြဲရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၁၉ဝ ဦးတုိ႔ကုိလည္းေကာင္း၊ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ အေျခခံပညာအထက္ တန္းေက်ာင္း (သံေတာင္ႀကီး)ရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၄၅၅ ဦးတို႔ကို လည္းေကာင္း၊ စာသင္ေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၅၄၉၂ ဦးတို႔ကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ ေသြးအုပ္စု ခြဲျခားစစ္ေဆးေပးျခင္းႏွင့္ ေက်ာင္းက်န္းမာေရး စစ္ေဆးကုသ ေပးျခင္း၊ ေက်ာင္းက်န္းမာေရး ပညာေပးေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထို႔ျပင္ တပ္နယ္အသီးသီးမွ တပ္မေတာ္သားမ်ားက စာသင္ေက်ာင္းမ်ား ပတ္ဝန္းက်င္ သန္႔ရွင္းသာယာ လွပေရးအတြက္ ေပါင္းျမက္မ်ား ရွင္းလင္းျခင္း၊ အမိႈက္မ်ား ရွင္းလင္းျခင္း၊ ေက်ာင္းဝင္းအတြင္း ျခင္ခိုေအာင္းႏုိင္ေသာ ေနရာ မ်ားကို ျခင္ေဆးဖ်န္းျခင္း၊ ေက်ာင္းသံုး ေရသိုေလွာင္ကန္မ်ား အတြင္း ျခင္ေပါက္ပြားမႈ မရွိေစေရး ေဆးခတ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ၎အျပင္ တပ္နယ္အသီးသီးမွ တပ္မေတာ္သားမ်ားက စာသင္ေက်ာင္းမ်ားရွိ ဆရာ၊ ဆရာမမ်ားႏွင့္ မိသားစုဝင္မ်ား၊ ပညာေရး ဝန္ထမ္းမ်ားကို တပ္မေတာ္သား မိသားစုမ်ား၏ တစ္ပုိင္တစ္ႏုိင္ စိုက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ အသား၊ ငါး၊ အသီးအရြက္ႏွင့္ ၾကက္ဥ၊ ဘဲဥမ်ားကို ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ႏႈန္းထားမ်ားျဖင့္ ေက်ာင္း အသီးသီးတြင္ ေရာင္းခ်ေပးခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် တပ်နယ်များရှိ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇွန် ၁၉ 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ စာသင်ကျောင်းများ၌ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့များက ကျောင်း ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ သာဂရအခြေခံပညာ အထက်တန်းကျောင်းနှင့် ဆွာမြို့၊ အေးသုခကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၈၁၁ ဦးတို့ကို လည်းကောင်း၊ အုတ်တွင်း မြို့နယ်၊ ဗောဓိကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁ဝဝ၄ ဦးတို့ကိုလည်းကောင်း၊ ရွှေကျင်မြို့၊ အနောက်ဘက်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူ ၄၁၅ ဦးတို့ကို လည်းကောင်း၊ ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ၂၁၇ ဦးတို့ကို လည်းကောင်း၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၃၉ ဦးတို့ကို လည်းကောင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာ၊ တွဲဖက်အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၂၆ ဦးတို့ကိုလည်းကောင်း၊ ပန်းတောင်း မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၅၇၃ ဦးတို့ကို လည်းကောင်း၊ ဆင်စုရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူ ၁၉ဝ ဦးတို့ကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အခြေခံပညာအထက် တန်းကျောင်း (သံတောင်ကြီး)ရှိ ကျောင်းသား၊ ကျောင်းသူ ၄၅၅ ဦးတို့ကို လည်းကောင်း၊ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၄၉၂ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စု ခွဲခြားစစ်ဆေးပေးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးကုသ ပေးခြင်း၊ ကျောင်းကျန်းမာရေး ပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ထို့ပြင် တပ်နယ်အသီးသီးမှ တပ်မတော်သားများက စာသင်ကျောင်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သော နေရာ များကို ခြင်ဆေးဖျန်းခြင်း၊ ကျောင်းသုံး ရေသိုလှောင်ကန်များ အတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။ ၎င်းအပြင် တပ်နယ်အသီးသီးမှ တပ်မတော်သားများက စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် မိသားစုဝင်များ၊ ပညာရေး ဝန်ထမ်းများကို တပ်မတော်သား မိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ အသီးအရွက်နှင့် ကြက်ဥ၊ ဘဲဥများကို ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ကျောင်း အသီးသီးတွင် ရောင်းချပေးခဲ့ကြကြောင်း သတင်း ရရှိသည်။ 

Recent News