ျမန္မာ-ထိုင္း တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲမ်ား ျပဳလုပ္ 

ျမန္မာ-ထိုင္း တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲမ်ား ျပဳလုပ္ 

ေနျပည္ေတာ္ ဇြန္ ၂၁ 

ထုိင္းဘုရင့္တပ္မေတာ္မွ General NATHAWUT JUNHANANDANA ဦးေဆာင္ေသာ အဖြဲ႕ဝင္ ၄၉ ဦး လုိက္ပါလာသည့္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္ အဖြဲ႕သည္ ျမန္မာႏွင့္ထုိင္းဘုရင့္တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရး ပိုမိုခုိင္ၿမဲ ေစရန္အတြက္ တတိယအႀကိမ္ ျမန္မာ-ထုိင္း ခ်စ္ၾကည္ေရးအားကစားၿပိဳင္ပြဲ ယွဥ္ၿပိဳင္က်င္းပရန္ ဇြန္ ၁၉ ရက္ မြန္းလြဲပုိင္းတြင္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ေရာက္ရွိသည္။ 

တတိယအႀကိမ္ ျမန္မာႏွင့္ထိုင္းဘုရင့္တပ္မေတာ္ ခ်စ္ၾကည္ေရး ေဘာ္လီေဘာၿပိဳင္ပြဲကို အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္ ျပည့္ဇာနည္ခန္းမ၌လည္းေကာင္း၊ ေဘာလံုးၿပိဳင္ပြဲကို ေမာ္လၿမိဳင္ၿမိဳ႕ Southern Myanmar ေဘာလံုးအားကစား ကြင္း၌လည္းေကာင္း ဇြန္ ၂ဝ ရက္ မြန္းလြဲပုိင္းတြင္ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးမုိးေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ထုိင္းဘုရင့္တပ္မေတာ္မွ General NATHAWUT JUNHANANDANA ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕မ်ား၊ အားကစားသမားမ်ား၊ အရာရွိ၊ စစ္သည္၊မိသားစုမ်ားႏွင့္ အားကစားဝါသနာရွင္မ်ား တက္ေရာက္ၾကသည္။ ဦးစြာ တုိင္းမွဴးႏွင့္ General NATHAWUT JUNHANANDANA တို႔သည္ ႏွစ္ဖက္တပ္မေတာ္ၿပိဳင္ပြဲဝင္ အားကစားသမား မ်ားကို ရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ ခ်စ္ၾကည္ေရး ေဘာ္လီေဘာၿပိဳင္ပြဲႏွင့္ ေဘာလံုးၿပိဳင္ပြဲမ်ား ယွဥ္ၿပိဳင္ကစားေနမႈမ်ားကို ၾကည့္႐ႈအားေပးၾကၿပီး အားကစားအသင္းမ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပံု႐ုိက္ၾကသည္။ 

အဆုိပါ ထုိင္းဘုရင့္တပ္မေတာ္မွ ခ်စ္ၾကည္ေရး အားကစားအသင္းသည္ ယေန႔နံနက္ပုိင္းတြင္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ က်ဳိက္သလႅံ၊ မဟာျမတ္မုနိ၊ ဦးဇိနေစတီေတာ္ အစရွိသည့္ တန္ခုိးႀကီးဘုရားမ်ားအား ဖူးေျမာ္ၾကည္ညိဳၿပီး အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းကာ ျပန္လည္ထြက္ခြာသြားေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ် 

နေပြည်တော် ဇွန် ၂၁ 

ထိုင်းဘုရင့်တပ်မတော်မှ General NATHAWUT JUNHANANDANA ဦးဆောင်သော အဖွဲ့ဝင် ၄၉ ဦး လိုက်ပါလာသည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနှင့်ထိုင်းဘုရင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ပိုမိုခိုင်မြဲ စေရန်အတွက် တတိယအကြိမ် မြန်မာ-ထိုင်း ချစ်ကြည်ရေးအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ကျင်းပရန် ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ရောက်ရှိသည်။ 

တတိယအကြိမ် မြန်မာနှင့်ထိုင်းဘုရင့်တပ်မတော် ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပြည့်ဇာနည်ခန်းမ၌လည်းကောင်း၊ ဘောလုံးပြိုင်ပွဲကို မော်လမြိုင်မြို့ Southern Myanmar ဘောလုံးအားကစား ကွင်း၌လည်းကောင်း ဇွန် ၂ဝ ရက် မွန်းလွဲပိုင်းတွင်ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ ထိုင်းဘုရင့်တပ်မတော်မှ General NATHAWUT JUNHANANDANA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ၊ အားကစားသမားများ၊ အရာရှိ၊ စစ်သည်၊မိသားစုများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် General NATHAWUT JUNHANANDANA တို့သည် နှစ်ဖက်တပ်မတော်ပြိုင်ပွဲဝင် အားကစားသမား များကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြပြီး အားကစားအသင်းများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ 

အဆိုပါ ထိုင်းဘုရင့်တပ်မတော်မှ ချစ်ကြည်ရေး အားကစားအသင်းသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံ၊ မဟာမြတ်မုနိ၊ ဦးဇိနစေတီတော် အစရှိသည့် တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းကာ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ 

Recent News