ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမုိင္းျပတုိက္၌ တပ္မေတာ္သတင္းစာရွင္းလင္းပြဲျပဳလုပ္ 

ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမုိင္းျပတုိက္၌ တပ္မေတာ္သတင္းစာရွင္းလင္းပြဲျပဳလုပ္ 

ေနျပည္ေတာ္၊ ဇြန္ - ၂၂ 

တပ္မေတာ္မွ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားႏွင့္ အပစ္အခတ္ရပ္စဲ ထားရွိကာလအတြင္း EAO မ်ား၏ေဆာင္ရြက္မႈအေျခအေနမ်ားႏွင့္ ၿငိမ္းခ်မ္းေရး ေဆာင္႐ြက္ခ်က္မ်ား၊ ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ ေအးခ်မ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈ၊ ရခိုင္ျပည္နယ္အတြင္း AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားမွ အဖ်က္အေမွာက္လုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းစာ ရွင္းလင္းပြဲကို ယေန႔ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမုိင္းျပတုိက္၌ ျပဳလုပ္သည္။ 

အဆိုပါသတင္းစာရွင္းလင္းပြဲသို႔တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ဥကၠ႒ ဗိုလ္ခ်ဳပ္ စိုးႏုိင္ဦး၊ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီ၊ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျပည္တြင္းသတင္း ဌာနမ်ား၊ ေန႔စဥ္ထုတ္သတင္းစာမ်ား၊ ဂ်ာနယ္မ်ား၊ ျပည္တြင္း ႐ုပ္ျမင္သံၾကားသတင္း ဌာနမ်ား၊ ျပည္တြင္းအေျခစိုက္ ျပည္ပသတင္းဌာနမ်ား စုစုေပါင္းသတင္းဌာန ၂၆ ခုမွ သတင္းေထာက္ ၄၈ ဦး တက္ေရာက္ခဲ့ၾကၿပီး သတင္းဌာနမ်ား၏ ေမးျမန္းမႈမ်ားကုိ သတင္းမွန္ျပန္ၾကား ေရးအဖြဲ႕မွ ျပန္လည္ေျဖၾကားခဲ့သည္။ သတင္းစာရွင္းလင္းပြဲတြင္ ရွင္းလင္းေျပာၾကားမႈမ်ားႏွင့္ ေမးခြန္း၊အေျဖမ်ား ကုိ ေန႔စဥ္ထုတ္ ျမ၀တီသတင္းစာႏွင့္ ရတနာပုံသတင္းစာတုိ႔တြင္ ေဖာ္ျပေပးသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိပါသည္။ 

 

(Unicode Version)

 

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ် 

နေပြည်တော်၊ ဇွန် - ၂၂ 

တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲ ထားရှိကာလအတွင်း EAO များ၏ဆောင်ရွက်မှုအခြေအနေများနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများမှ အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲသို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြားသတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်းသတင်းဌာန ၂၆ ခုမှ သတင်းထောက် ၄၈ ဦး တက်ရောက်ခဲ့ကြပြီး သတင်းဌာနများ၏ မေးမြန်းမှုများကို သတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားမှုများနှင့် မေးခွန်း၊အဖြေများ ကို နေ့စဉ်ထုတ် မြဝတီသတင်းစာနှင့် ရတနာပုံသတင်းစာတို့တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ 

Recent News