တရားဥပေဒ ေဘာင္အတြင္းသို့ ဝင္ေရာက္လာေသာ KKO ခြဲထြက္ အဖြဲ႔မွ လက္နက္၊ ခဲယမ္းမ်ား အပ္ႏွင္း 

တရားဥပေဒ ေဘာင္အတြင္းသို့ ဝင္ေရာက္လာေသာ KKO ခြဲထြက္ အဖြဲ႔မွ လက္နက္၊ ခဲယမ္းမ်ား အပ္ႏွင္း 

ေနျပည္ေတာ္ ဇြန္ ၂၃ 

 

ကရင္ျပည္နယ္၊ ဖာပြန္ခ႐ိုင္၊ ဘားအံၿမိဳ႕နယ္၊ မိဇိုင္းေက်းရြာ အုပ္စု၊ တုတ္ႀကီး ေက်းရြာ အနီး မိဇိုင္းေတာင္တြင္ အေျချပဳ လႈပ္ရွား လ်က္ရွိသည့္ KKO ခြဲထြက္အဖြဲ႕မွ ေမာင္ျမင့္ ဦးေဆာင္ေသာ အဖြဲ႕ဝင္ ၄၅ ဦးသည္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ သေဘာထား အမွန္ကို နားလည္သိရွိၿပီး လက္နက္၊ ခဲယမ္း ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဇြန္ ၂၂ ရက္နံနက္ပိုင္းတြင္ တရား ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာခဲ့သည္။ 

 

အဆိုပါ တရားဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသည့္ KKO ခြဲထြက္အဖြဲ႕မွ လက္နက္မ်ား အပ္ႏွင္းျခင္းကို ယေန႔ နံနက္ပိုင္းတြင္ လိႈင္းဘြဲ႕ၿမိဳ႕နယ္၊ ပန္ေတာ္မွီေက်းရြာရွိ နယ္ေျမခံ တပ္ရင္းခန္းမ၌ ျပဳလုပ္ရာ အေရွ႕ ေတာင္တိုင္း စစ္ဌာ နခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိးမိုးေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ျပည္နယ္ အစိုးရ အဖြဲ႕မွ တာဝန္ရွိသူမ်ား၊ အရာရွိ၊ စစ္သည္ မ်ားႏွင့္ KKO ခြဲထြက္အဖြဲ႕မွ ေမာင္ျမင့္ ဦးေဆာင္ေသာ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။ ဦးစြာ တိုင္းမွဴးႏွင့္ တာဝန္ရွိသူတစ္ဦးက အမွာစကား ေျပာၾကားၿပီး KKO ခြဲထြက္အဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္ တစ္ဦးက တရား ဥပေဒေဘာင္ အတြင္းသို႔ ဝင္ေရာက္လာျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။ 

 

ထို႔ေနာက္ KKO ခြဲထြက္အဖြဲ႕က ၄င္းတို႔ကိုင္ေဆာင္ေသာ လက္နက္မ်ဳိးစုံ ၂၉လက္၊ ခဲယမ္း ဆက္စပ္ ပစၥည္းမ်ားကို တိုင္းမွဴးႏွင့္ တာဝန္ရွိ သူမ်ားထံ လဲႊေျပာင္း အပ္ႏွံၾကသည္။ ယင္းေနာက္ တရား ဥပေဒအတြင္း ဝင္ေရာက္လာေသာ KKO ခြဲထြက္အဖြဲ႕အား ျပည္နယ္အစိုးရ အဖြဲ႕ႏွင့္ တိုင္းစစ္ ဌာနခ်ဳပ္ မိသားစုမ်ားက လွဴဒါန္းသည့္ ေထာက္ပံ့ေငြမ်ားႏွင့္ ေထာက္ပံ့ ပစၥည္းမ်ားကို တိုင္းမွဴးႏွင့္ တာဝန္ရွိ သူမ်ားက ေပး အပ္ၿပီး ရင္းရင္း ႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

တရားဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်လာသော KKO ခွဲထွက် အဖွဲ့မှ လက်နက်၊ ခဲယမ်းများ အပ်နှင်း 

နေပြည်တော် ဇွန် ၂၃ 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘားအံမြို့နယ်၊ မိဇိုင်းကျေးရွာ အုပ်စု၊ တုတ်ကြီး ကျေးရွာ အနီး မိဇိုင်းတောင်တွင် အခြေပြု လှုပ်ရှား လျက်ရှိသည့် KKO ခွဲထွက်အဖွဲ့မှ မောင်မြင့် ဦးဆောင်သော အဖွဲ့ဝင် ၄၅ ဦးသည် နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထား အမှန်ကို နားလည်သိရှိပြီး လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန် ၂၂ ရက်နံနက်ပိုင်းတွင် တရား ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ 

အဆိုပါ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် KKO ခွဲထွက်အဖွဲ့မှ လက်နက်များ အပ်နှင်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် လှိုင်းဘွဲ့မြို့နယ်၊ ပန်တော်မှီကျေးရွာရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ အရှေ့ တောင်တိုင်း စစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည် များနှင့် KKO ခွဲထွက်အဖွဲ့မှ မောင်မြင့် ဦးဆောင်သော အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူတစ်ဦးက အမှာစကား ပြောကြားပြီး KKO ခွဲထွက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် တစ်ဦးက တရား ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် KKO ခွဲထွက်အဖွဲ့က ၎င်းတို့ကိုင်ဆောင်သော လက်နက်မျိုးစုံ ၂၉လက်၊ ခဲယမ်း ဆက်စပ် ပစ္စည်းများကို တိုင်းမှူးနှင့် တာဝန်ရှိ သူများထံ လွဲှပြောင်း အပ်နှံကြသည်။ ယင်းနောက် တရား ဥပဒေအတွင်း ဝင်ရောက်လာသော KKO ခွဲထွက်အဖွဲ့အား ပြည်နယ်အစိုးရ အဖွဲ့နှင့် တိုင်းစစ် ဌာနချုပ် မိသားစုများက လှူဒါန်းသည့် ထောက်ပံ့ငွေများနှင့် ထောက်ပံ့ ပစ္စည်းများကို တိုင်းမှူးနှင့် တာဝန်ရှိ သူများက ပေး အပ်ပြီး ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News