ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ျမန္မာ ႏိုင္ငံဆုိင္ရာ ၿဗိတိန္ႏိုင္ငံသံအမတ္ႀကီး ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ျမန္မာ ႏိုင္ငံဆုိင္ရာ ၿဗိတိန္ႏိုင္ငံသံအမတ္ႀကီး ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ 

ေနျပည္ေတာ္၊ ဇြန္ - ၂၄ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ျမန္မာႏိုင္ငံဆုိင္ရာ ၿဗိတိန္ႏိုင္ငံသံအမတ္ႀကီး H.E.Mr. Daniel Patrick Brendon Chugg ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံ ေတြ႕ဆုံသည္။ 
ေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆုိင္ရာ ၿဗိတိန္ႏိုင္ငံ သံအမတ္ႀကီးႏွင့္အတူ ၿဗိတိန္ႏိုင္ငံစစ္သံမွဴး Colonel Jamie Murray ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ ၾကသည္။ 

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္သားမ်ားအေနျဖင့္ တာ၀န္ထမ္းေဆာင္ရာတြင္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပံု အေျခခံဥပေဒမွ သတ္မွတ္ေပးထားသည့္ ဥပေဒႏွင့္အညီ လိုက္နာေဆာင္ ရြက္ေနမႈအေျခအေနမ်ား၊ တပ္မေတာ္အတြင္း အရြယ္မေရာက္ေသးသူကေလးသူငယ္မ်ား စစ္မႈထမ္းျခင္းမရွိေစေရး CTFMR ႏွင့္ ပူးေပါင္းေဆာင္ရြက္ခဲ့မႈအေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးတိုးျမႇင့္ေဆာင္ ရြက္မည့္ အေျခအေနမ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ 

နေပြည်တော်၊ ဇွန် - ၂၄ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E.Mr. Daniel Patrick Brendon Chugg ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။ 
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ ဗြိတိန်နိုင်ငံစစ်သံမှူး Colonel Jamie Murray နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ သတ်မှတ်ပေးထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင် ရွက်နေမှုအခြေအနေများ၊ တပ်မတော်အတွင်း အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမရှိစေရေး CTFMR နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ဆောင် ရွက်မည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News