ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ၊ အာရွေရးရာအထူး ကိုယ္စားလွယ္ H.E.Mr. Sun Guoxiang အား လက္ခံေတြ႕ဆုံ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ၊ အာရွေရးရာအထူး ကိုယ္စားလွယ္ H.E.Mr. Sun Guoxiang အား လက္ခံေတြ႕ဆုံ 

ေနျပည္ေတာ္၊ ဇြန္ - ၂၅ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ၊ အာရွေရးရာ အထူးကိုယ္စားလွယ္ H.E.Mr. Sun Guoxiang အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံ ေတြ႕ဆုံသည္။ 
ေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ၊ အာရွေရးရာအထူးကိုယ္စားလွယ္ ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။ 
ေတြ႕ဆံုပြဲ၌ တပ္မေတာ္၏ ဒုတိယအႀကိမ္ တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲေရး ကာလအတြင္း ၿငိမ္းခ်မ္းေရးႏွင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ေဆြးေႏြးေဆာင္ရြက္မႈ အေျခအေနမ်ားႏွင့္ NCA လက္မွတ္ေရးထိုးရန္ က်န္ရွိသည့္ EAO မ်ားႏွင့္ လက္မွတ္ ေရးထိုးႏုိင္ေရးဆိုင္ရာ ကိစၥရပ္မ်ားအေပၚ အျပန္အလွန္ေဆြးေႏြး ခဲ့ၾကေၾကာင္း သတင္းရရွိ ပါသည္။ 
 

 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာအထူး ကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား လက်ခံတွေ့ဆုံ 

နေပြည်တော်၊ ဇွန် - ၂၅ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။ 
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာအထူးကိုယ်စားလှယ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
တွေ့ဆုံပွဲ၌ တပ်မတော်၏ ဒုတိယအကြိမ် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ဆွေးနွေးဆောင်ရွက်မှု အခြေအနေများနှင့် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် EAO များနှင့် လက်မှတ် ရေးထိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။ 

Recent News