

နေပြည်တော်၊ ဇွန် - ၂၅ 


 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူသားလုံခြုံရေးဌာန အကြီးတန်းစေ့စပ် ညှိနှိုင်းရေးမှူး Dr. Julian Thomas Hottinger နှင့်တွေ့ဆုံဆွေးနွေး 

နေပြည်တော်၊ ဇွန် - ၂၅ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆွစ်ဇာလန်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊လူသားလုံခြုံရေးဌာန အကြီးတန်းစေ့စပ် ညှိနှိုင်းရေးမှူး Dr. Julian Thomas Hottinger ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာ၌ တွေ့ဆုံ ဆွေးနွေးသည်။ 
တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူသားလုံခြုံရေးဌာန အကြီးတန်းစေ့စပ် ညှိနှိုင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု အခြေအနေ များအပေါ် အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News