ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ထုတ္ျပန္ခ်က္

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္
(၁၃၈၁ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၁၃ ရက္)
(၂၀၁၉ ခုႏွစ္၊ ဇြန္လ ၃၀ ရက္)

 

၁။    ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအား ထိေရာက္စြာေဆာင္႐ြက္ႏိုင္ေရး ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊  အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊  ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားတြင္ စစ္ေရးဆိုင္ရာလႈပ္ရွားမႈအားလုံးအား ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္ေန႔အထိ ၁ ႀကိမ္၊ ၂၀၁၉ ခုႏွစ္၊ ေမလ ၁ ရက္ေန႔မွ ဇြန္လ  ၃၀ ရက္ေန႔အထိ ၁ ႀကိမ္ ရပ္ဆိုင္းေပးခဲ့ေၾကာင္း၊ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔ ႏွင့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္ေန႔တို႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ သတင္းထုတ္ျပန္ၿပီးျဖစ္သည္။

၂။    ၎ကဲ့သို႔ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားအား ရပ္ဆိုင္းေပးထားသည့္ကာလအတြင္း၌   ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား စဥ္ဆက္မျပတ္ ေဆြးေႏြးေဆာင္႐ြက္ႏိုင္ခဲ့သည္ကို  ေတြ႕ရွိရသည္။ ၎ကဲ့သို႔ အေျခအေန မ်ိဳးတြင္ တပ္မေတာ္အေနျဖင့္ ေဒသခံတိုင္းရင္းသားျပည္သူမ်ား၏ ၿငိမ္းခ်မ္းေရးအေပၚေမွ်ာ္လင့္ခ်က္၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္  ပါဝင္ပတ္သက္ေနသည့္ အဖြဲ႕အစည္းအားလုံး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အား ယုံၾကည္မႈအျပည့္ျဖင့္ ယခုထက္ ပိုမိုဆက္လက္ေဆာင္႐ြက္ႏိုင္ေရး ရည္႐ြယ္လ်က္ အထက္ေဖာ္ျပပါ တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမမ်ား၌ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားအား ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၃၁ ရက္ေန႔အထိ တိုးျမႇင့္ရပ္ဆိုင္းေပးသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ေၾကညာအပ္ပါသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

 

(Unicode Version)|

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
(၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်)
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

၁။    မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာဆောင်ရွက်နိုင်ရေး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊  တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ၁ ကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ  ၃၀ ရက်နေ့အထိ ၁ ကြိမ် ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နှင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တို့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ပြီးဖြစ်သည်။

၂။    ၎င်းကဲ့သို့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ရပ်ဆိုင်းပေးထားသည့်ကာလအတွင်း၌   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်ကို  တွေ့ရှိရသည်။ ၎င်းကဲ့သို့ အခြေအနေ မျိုးတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ်မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်  ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အား ယုံကြည်မှုအပြည့်ဖြင့် ယခုထက် ပိုမိုဆက်လက်ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

 

Recent News