ေဆးကုသမႈ ခံယူေနသည္႕ ႏုိင္ငံေတာ္သံဃ မဟာနာယက အဖြဲ႔ ဥကၠ႒၊မႏၲေလးၿမိဳ႔၊ ဗန္းေမာ္ေက်ာင္းတို္က္ ဆရာေတာ္ ေဒါက္တာဘဒၵႏၲကုမာရာဘိ၀ံသ အား ဖူးေျမာ္

ေဆးကုသမႈ ခံယူေနသည္႕ ႏုိင္ငံေတာ္သံဃ မဟာနာယက အဖြဲ႔ ဥကၠ႒၊မႏၲေလးၿမိဳ႔၊ ဗန္းေမာ္ေက်ာင္းတို္က္ ဆရာေတာ္ ေဒါက္တာဘဒၵႏၲကုမာရာဘိ၀ံသ အား ဖူးေျမာ္

ေနျပည္ေတာ္   ဇူလိုင္   ၁ 

ရန္ကုန္တုိင္း ေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻေအးကုန္းေျမ၌ သီတင္း သံုးေတာ္မူလ်က္ရွိသည့္ ႏုိင္ငံေတာ္သံဃမဟာ နာယက အဖြဲ႕ဥကၠ႒ မႏၱေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတိုက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢ မဟာသဒၶမၼ ေဇာတိက ေဒါက္တာ ဘဒၵႏၲကုမာရာဘိ၀ံသ သည္ ခါးနာက်င္မႈ ေ၀ဒနာ ခံစားေနရသျဖင့္ ယေန႔နံနက္ပိုင္းတြင္ မဂၤလာဒံုၿမိဳ႕နယ္ရွိ တပ္မေတာ္ အ႐ိုးေရာဂါ အထူးကု ေဆး႐ံုႀကီးသို႔ ႂကြေရာက္ေတာ္မူၿပီး ေဆး၀ါးကုသမႈခံယူ လ်က္ရွိ သည္။ 

ထိုသို႔ ေဆးကုသမႈ ခံယူရာတြင္ ဆရာေတာ္ႀကီး၏ ခါးဆစ္႐ိုး၊ ဒူးေခါင္း႐ိုး၊ အဆုတ္ဓာတ္မွန္ႏွင့္ ၀မ္းဗိုက္ တီဗီြဓာတ္မွန္ (Ultrasound) ႐ိုက္ျခင္း စသည့္ က်န္းမာေရးစစ္ေဆးကုသျခင္းမ်ား ျပဳလုပ္ခဲ့ရာ က်န္းမာေရး ေကာင္းမြန္ေၾကာင္း  ေတြ႕ရွိရသည္။ 

ယင္းသို႔ေဆးကုသမႈခံယူေနသည့္ ဗန္းေမာ္ဆရာေတာ္ႀကီးအား ရန္ကုန္ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး  ဗိုလ္ခ်ဳပ္သက္ပံုႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ ဖူးေျမာ္ၾကည္ညိဳ၍ လွဴဖြယ္၀တၳဳ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။  

(Unicode Version)

ဆေးကုသမှု ခံယူနေသည့် နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အား ဖူးမြော်

နေပြည်တော်   ဇူလိုင်   ၁ 

ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘအေးကုန်းမြေ၌ သီတင်း သုံးတော်မူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ သည် ခါးနာကျင်မှု ဝေဒနာ ခံစားနေရသဖြင့် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီးသို့ ကြွရောက်တော်မူပြီး ဆေးဝါးကုသမှုခံယူ လျက်ရှိ သည်။ 

ထိုသို့ ဆေးကုသမှု ခံယူရာတွင် ဆရာတော်ကြီး၏ ခါးဆစ်ရိုး၊ ဒူးခေါင်းရိုး၊ အဆုတ်ဓာတ်မှန်နှင့် ဝမ်းဗိုက် တီဗွီဓာတ်မှန် (Ultrasound) ရိုက်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ပြုလုပ်ခဲ့ရာ ကျန်းမာရေး ကောင်းမွန်ကြောင်း  တွေ့ရှိရသည်။ 

ယင်းသို့ဆေးကုသမှုခံယူနေသည့် ဗန်းမော်ဆရာတော်ကြီးအား ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။       

   

 

Recent News