ကေလးၿမိဳ႕နယ္၊ စခန္းႀကီးေက်းရြာ အေျခခံပညာအထက္တန္းေက်ာင္း၌ ေက်ာင္းက်န္းမာေရးစစ္ေဆး

ကေလးၿမိဳ႕နယ္၊ စခန္းႀကီးေက်းရြာ အေျခခံပညာအထက္တန္းေက်ာင္း၌ ေက်ာင္းက်န္းမာေရးစစ္ေဆး

ေနျပည္ေတာ္   ဇူလုိင္   ၂

 

စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕နယ္၊ စခန္းႀကီးေက်းရြာ အေျခခံပညာအထက္တန္းေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္း တြင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က  အဆိုပါ ေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၉၄၈ ဦးတို႔ကို အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ ေသြးအုပ္စု ခြဲျခားေပးျခင္း၊ သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္း ေရာဂါ၊ ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသ ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ ေဆးကုသေရး အဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအားမိုးရာသီတြင္ ျဖစ္ပြားတတ္ေသာ ေရာဂါမ်ား အေၾကာင္း က်န္းမာ ေရးအသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ားႏွင့္ ေက်ာင္း၀င္းအတြင္း ျခင္ခုိေအာင္း ႏိုင္ေသာ ေနရာမ်ား၌   ျခင္ေဆး ဖ်န္းျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေး
နေပြည်တော်   ဇူလိုင်   ၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်း တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က  အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၄၈ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စု ခွဲခြားပေးခြင်း၊ သွားနှင့် ခံတွင်းရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူများအားမိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများ အကြောင်း ကျန်းမာ ရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများနှင့် ကျောင်းဝင်းအတွင်း ခြင်ခိုအောင်း နိုင်သော နေရာများ၌   ခြင်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။   

     

 

Recent News