စင္ကာပူ ေရတပ္မွ စစ္ေရယာဥ္ႏွစ္စင္း ခ်စ္ၾကည္ေရး ခရီးေရာက္ရွိ

စင္ကာပူ ေရတပ္မွ စစ္ေရယာဥ္ႏွစ္စင္း ခ်စ္ၾကည္ေရး ခရီးေရာက္ရွိ

 

ေနျပည္ေတာ္  ဇူလုိင္  ၃

စင္ကာပူေရတပ္မွ  စစ္ေရယာဥ္ RSS VALOUR ႏွင့္ RSS  VALIANT တုိ႔သည္   ျပည္ေထာင္စု သမၼတ ျမန္မာ ႏုိင္ငံေတာ္ သို႔  ခ်စ္ၾကည္ေရး ခရီးလည္ပတ္ရန္ အတြက္ ယေန႔ မြန္းလြဲပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ သီလ၀ါ ဆိပ္ကမ္း  MITT တံတားသို႔ ေရာက္ရွိ လာရာ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ားႏွင့္ အရာရွိ၊ စစ္သည္မ်ားက ႀကိဳဆုိႏႈတ္ဆက္ ၾကသည္။  

 

အဆုိပါ စစ္ေရယာဥ္မ်ားအား Senior Lieutenant Colonel Nicholas Tan Boon Hwee ဦးေဆာင္၍ အရာရွိ၊ စစ္သည္ စုစုေပါင္း ၁၄၀ဦး လုိက္ပါလာၿပီး ျမန္မာႏုိင္ငံတြင္ ဇူလုိင္၅ ရက္အထိ သံုးရက္ၾကာ ေနထုိင္၍ ေလ့လာ လည္ပတ္ သြားမည္ျဖစ္ၿပီး ႏွစ္ႏုိင္ငံေရတပ္ ခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲမ်ား ျပဳလုပ္သြား မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

စင်ကာပူ ရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ချစ်ကြည်ရေး ခရီးရောက်ရှိ

နေပြည်တော်  ဇူလိုင်  ၃

စင်ကာပူရေတပ်မှ  စစ်ရေယာဉ် RSS VALOUR နှင့် RSS  VALIANT တို့သည်   ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သို့  ချစ်ကြည်ရေး ခရီးလည်ပတ်ရန် အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း  MITT တံတားသို့ ရောက်ရှိ လာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက် ကြသည်။  

အဆိုပါ စစ်ရေယာဉ်များအား Senior Lieutenant Colonel Nicholas Tan Boon Hwee ဦးဆောင်၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၁၄၀ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဇူလိုင်၅ ရက်အထိ သုံးရက်ကြာ နေထိုင်၍ လေ့လာ လည်ပတ် သွားမည်ဖြစ်ပြီး နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Recent News