ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္(၁၇) အေျခခံပညာအထက္တန္းေက်ာင္းခြဲႏွင့္ မလြန္ၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္း(မလြန္)တုိ႕၌ ေက်ာင္းက်န္းမာေရး စစ္ေဆး

ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္(၁၇) အေျခခံပညာအထက္တန္းေက်ာင္းခြဲႏွင့္ မလြန္ၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္း(မလြန္)တုိ႕၌ ေက်ာင္းက်န္းမာေရး စစ္ေဆး

ေနျပည္ေတာ္  ဇူလုိင္  ၃

 

မႏၲေလးတုိင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္(၁၇)အေျခခံပညာ အထက္တန္း ေက်ာင္းခြဲမွ ဆရာ၊ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပုိင္းတြင္ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၉၃၅ ဦးတုိ႔ကုိ အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကိုယ္ေရ သန္႔ရွင္းေရး စစ္ေဆးေပးျခင္း၊ မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းႏွင့္ ေသြးအုပ္စုခြဲေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က မေကြးတုိင္းေဒသႀကီး၊ မလြန္ၿမိဳ႕နယ္၊ အေျခခံပညာ အထက္တန္းေက်ာင္း (မလြန္)ရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊   ေက်ာင္းသူ  စုစုေပါင္း၁ဝ၅၇ ဦးတုိ႔ကုိ အဆုိပါေက်ာင္း၌ အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကိုယ္ေရ သန္႔ရွင္းေရး စစ္ေဆးေပးျခင္း၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းႏွင့္ ေသြးအုပ္စုခြဲေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး  ေသြးလြန္တုပ္ေကြး ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် မလွန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မလွန်)တို့၌ ကျောင်းကျန်းမာရေး စစ်ဆေး

နေပြည်တော်  ဇူလိုင်  ၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၇)အခြေခံပညာ အထက်တန်း ကျောင်းခွဲမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၃၅ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းနှင့် သွေးအုပ်စုခွဲပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က မကွေးတိုင်းဒေသကြီး၊ မလွန်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (မလွန်)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊   ကျောင်းသူ  စုစုပေါင်း၁ဝ၅၇ ဦးတို့ကို အဆိုပါကျောင်း၌ အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းနှင့် သွေးအုပ်စုခွဲပေးခြင်းများ ဆောင်ရွက်ပေးပြီး  သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

 

Recent News