မြန္ျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ(JMC-S)၏ အလုပ္႐ံုေဆြးေႏြးပြဲျပဳလုပ္ 

ေနျပည္ေတာ္ စက္တင္ဘာ ၁၂ 

မြန္ျပည္နယ္၊ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC-S) ၏ အလုပ္႐ံုေဆြးေႏြးပြဲကို ယေန႔ နံနက္ပုိင္းတြင္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ရာမည ဟိုတယ္အစည္း အေဝးခန္းမ၌ ျပဳလုပ္ရာ မြန္ျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲ ေစာင့္ၾကည့္ ေရးေကာ္မတီဥကၠ႒ အေရွ႕ေတာင္ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိးမိုးေအာင္ႏွင့္ ေကာ္ မတီဝင္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ေကာ္မတီဝင္ အရပ္သား ကိုယ္စားလွယ္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ ေကာ္မတီဥကၠ႒ တုိင္းမွဴးႏွင့္ တာဝန္ရွိသူမ်ားက ႏႈတ္ခြန္းဆက္ အမွာစကားမ်ား ေျပာ ၾကားၾကသည္။ ထို႔ေနာက္ တက္ေရာက္လာၾကသူမ်ားက ေကာ္မတီ၏ လုပ္ငန္းမ်ားႏွင့္ ပတ္ သက္၍ ေဆြးေႏြးၾကသည္။ 

အဆိုပါ အလုပ္႐ံု ေဆြးေႏြးပြဲတြင္ ေကာ္မတီ၏ သေဘာတရားမ်ား၊ စည္းမ်ဥ္း စည္းကမ္း မ်ားႏွင့္ စစ္ဘက္ဆိုင္ရာ က်င့္ဝတ္မ်ား၊ စိစစ္အတည္ျပဳေရးဆိုင္ရာ လုပ္ငန္းမ်ားႏွင့္ ပတ္သက္ ၍ စက္တင္ဘာ ၁၃ ရက္အထိ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)၏ အလုပ်ရုံဆွေးနွေးပွဲပြုလုပ် 

နေပြည်တော် စက်တင်ဘာ ၁၂ 

မွန်ပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ရာမည ဟိုတယ်အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော်မတီဥက္ကဋ္ဌ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် ကော် မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော်မတီဝင် အရပ်သား ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးနှင့် တာဝန်ရှိသူများက နှုတ်ခွန်းဆက် အမှာစကားများ ပြော ကြားကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ကော်မတီ၏ လုပ်ငန်းများနှင့် ပတ် သက်၍ ဆွေးနွေးကြသည်။ 

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကော်မတီ၏ သဘောတရားများ၊ စည်းမျဉ်း စည်းကမ်း များနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ စိစစ်အတည်ပြုရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက် ၍ စက်တင်ဘာ ၁၃ ရက်အထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

Recent News