ခ်စ္ၾကည္ေရး ခရီးေရာက္ရွိေနသည့္ စင္ကာပူေရတပ္မွ စစ္ေရယာဥ္ႏွစ္စင္း ျပန္လည္ထြက္ခြာ

ခ်စ္ၾကည္ေရး ခရီးေရာက္ရွိေနသည့္ စင္ကာပူေရတပ္မွ စစ္ေရယာဥ္ႏွစ္စင္း ျပန္လည္ထြက္ခြာ

ေနျပည္ေတာ္  ဇူလုိင္  ၅

ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္သို႔ ခ်စ္ၾကည္ေရး ခရီးလည္ပတ္ရန္ ေရာက္ရွိေနသည့္ စင္ကာပူေရတပ္မွ စစ္ေရယာဥ္ RSS VALOUR ႏွင့္ RSS VALIANTတုိ႔သည္ ယေန႔မြန္းလြဲပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ သီလဝါဆိပ္ကမ္း MITT တံတားမွ ျပန္လည္ထြက္ခြာၾကရာ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ားႏွင့္ အရာရွိ၊ စစ္သည္မ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

အဆုိပါ စစ္ေရယာဥ္မ်ားတြင္   Senior Lieutenant Colonel Nicholas Tan Boon Hwee ဦးစီး၍  အရာရွိ၊  စစ္သည္စုစုေပါင္း ၁၄ဝ ဦးလုိက္ပါလာၿပီး ျမန္မာႏုိင္ငံတြင္ ဇူလုိင္ ၃ ရက္မွ ယေန႔အထိ သံုးရက္ၾကာခရီးစဥ္ ကာလအတြင္း ႏွစ္ႏုိင္ငံေရတပ္ခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲမ်ား ယွဥ္ၿပိဳင္ကစားျခင္းႏွင့္ ရန္ကုန္ၿမိဳ႕ရွိ အထင္ကရ ေနရာမ်ားသ႔ို ေလ့လာလည္ပတ္ျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် စင်ကာပူရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ

နေပြည်တော်  ဇူလိုင်  ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ရောက်ရှိနေသည့် စင်ကာပူရေတပ်မှ စစ်ရေယာဉ် RSS VALOUR နှင့် RSS VALIANTတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ စစ်ရေယာဉ်များတွင်   Senior Lieutenant Colonel Nicholas Tan Boon Hwee ဦးစီး၍  အရာရှိ၊  စစ်သည်စုစုပေါင်း ၁၄ဝ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဇူလိုင် ၃ ရက်မှ ယနေ့အထိ သုံးရက်ကြာခရီးစဉ် ကာလအတွင်း နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်းနှင့် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသ့ို လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News