

နေပြည်တော် ဇူလိုင် ၆




(Unicode Version)

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ (၂၇) ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူ ဒါန်းပွဲ ပြုလုပ်

နေပြည်တော် ဇူလိုင် ၆

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ (၂၇)ကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ် လှူ ဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သာသနဝံသဓမ္မာရုံ၌ ပြုလုပ်ရာ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာ ကျောင်းတိုက်ဦးစီး ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဝိဿုတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ညောင်ပင်သာ ကျောင်းတိုက် ဆရာတော်ထံ မှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ပရိတ်တရား တော်များ နာယူ ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူ ဖွယ် ပစ္စည်းများ နှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

 

Recent News