
 

နေပြည်တော်  ဇူလိုင်  ၈


(Unicode Version)

လေပြင်းတိုက်ခတ်ခဲ့သည့်နေရာသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၌  ယနေ့နံနက်ပိုင်းတွင်  မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ညောင်လေးပင်မြို့၊ အညာစုမြို့သစ် ရပ်ကွက်ရှိ ဒေသခံပြည်သူနေအိမ် ၇၆ လုံးမှာ အမိုးလန်ခြင်း၊ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ညောင်လေးပင်တပ်နယ်မှ တပ်မတော်သားများက လေပြင်းတိုက်ခတ်ခဲ့သော ရပ်ကွက်တွင် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမိုးလန်သွပ်များ ဆယ်တင်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News