စံုစမ္းစစ္ေဆးေရးခံုရံုး(Court of Inquiry)အဖြဲ႕ဝင္မ်ား ဥပေဒအႀကံေပးအဖြဲ႕ႏွင့္ ေတြ႕ဆံု

 

ေနျပည္ေတာ္၊  ဇူလိုင္ ၉

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာနယ္ေျမတြင္ ျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္စဥ္မ်ားႏွင့္ ဆက္စပ္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားကို ထပ္မံစိစစ္အတည္ျပဳရန္ ဖြဲ႕စည္းခဲ့သည့္ စံုစမ္း စစ္ေဆးေရးခံုရံုးသည္ ဘူးသီးေတာင္နယ္ေျမသို႔ ပထမအႀကိမ္သြားေရာက္ စစ္ေဆးခဲ့ၿပီး ျဖစ္ပါသည္။ ထိုသို႔စစ္ေဆးရာတြင္ ကြပ္ကဲမႈဌာနခ်ဳပ္တစ္ခုအပါအဝင္ တပ္ရင္း/တပ္ဖြဲ႕ သံုးခု၊ ရဲစခန္း သံုးခု၊ အက်ဥ္းေထာင္ တစ္ခုႏွင့္ ေက်းရြာ ငါးရြာတို႔သို႔ သြားေရာက္၍ လိုအပ္ေသာ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ပါသည္။ စံုစမ္းစစ္ေဆးေရးခံုရံုးအဖြဲ႕ဝင္မ်ားသည္ စံုစမ္းစစ္ေဆးခဲ့ၿပီးသည့္  အေျခအေနမ်ား၊ ဆက္လက္စံုစမ္းစစ္ေဆးမည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ လိုအပ္သည့္ ဥပေဒအႀကံျပဳခ်က္မ်ား ရယူႏိုင္ရန္အတြက္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၉ ရက္ေန႔တြင္ စစ္ဥပေဒခ်ဳပ္ရံုး၌ ဥပေဒအႀကံေပးအဖြဲ႕ႏွင့္ ေတြ႕ဆံုေဆြးေႏြးခဲ့ပါသည္။ ဥပေဒအႀကံေပးအဖြဲ႕မွလည္း လိုအပ္သည့္ သက္ေသခံအခ်က္အလက္ စုေဆာင္းျခင္းဆိုင္ရာမ်ား၊ ဥပေဒေၾကာင္းဆိုင္ရာမ်ားႏွင့္ လုပ္ထံုးလုပ္နည္းဆိုင္ရာမ်ားကို အႀကံျပဳ ေဆြးေႏြးခဲ့ေၾကာင္း စစ္ဥပေဒခ်ဳပ္ရံုးမွ သတင္းရရွိပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

စုံစမ်းစစ်ဆေးရေးခုံရုံး(Court of Inquiry)အဖွဲ့ဝင်များ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော်၊  ဇူလိုင် ၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနယ်မြေတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ထပ်မံစိစစ်အတည်ပြုရန် ဖွဲ့စည်းခဲ့သည့် စုံစမ်း စစ်ဆေးရေးခုံရုံးသည် ဘူးသီးတောင်နယ်မြေသို့ ပထမအကြိမ်သွားရောက် စစ်ဆေးခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်း သုံးခု၊ အကျဉ်းထောင် တစ်ခုနှင့် ကျေးရွာ ငါးရွာတို့သို့ သွားရောက်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးခဲ့ပြီးသည့်  အခြေအနေများ၊ ဆက်လက်စုံစမ်းစစ်ဆေးမည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည့် ဥပဒေအကြံပြုချက်များ ရယူနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ဥပဒေချုပ်ရုံး၌ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဥပဒေအကြံပေးအဖွဲ့မှလည်း လိုအပ်သည့် သက်သေခံအချက်အလက် စုဆောင်းခြင်းဆိုင်ရာများ၊ ဥပဒေကြောင်းဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများကို အကြံပြု ဆွေးနွေးခဲ့ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Recent News