ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ျမန္မာႏိုင္ငံဆုိင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ျမန္မာႏိုင္ငံဆုိင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္  ဇူလိုင္  ၁၀

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ျမန္မာႏိုင္ငံဆုိင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံသံအမတ္ႀကီး H.E.Mr. Chen Hai  အား ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသုိ႕ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္ျပည္သူ႕ သမၼတႏုိင္ငံ သံအမတ္ႀကီးႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ျမန္မာႏုိင္ငံႏွင့္ တ႐ုတ္ႏုိင္ငံတို႔အၾကားေရွးယခင္ကတည္း က ဆက္ဆံေရးေကာင္းမြန္ခဲ့မႈ ႏွင့္ ႏွစ္ႏုိင္ငံအစုိးရႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးစြာျဖင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိမႈ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ားႏွင့္အခက္အခဲအေျခအေနမ်ား၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ႏုိင္ငံေတာ္အစုိးရႏွင့္တပ္မေတာ္မွေဆာင္ရြက္လ်က္ရွိမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္ အေရးကိစၥမ်ားႏွင့္ ပတ္သက္ၿပီး ေျဖရွင္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ တ႐ုတ္ႏုိင္ငံမွအျပဳသေဘာကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ျမန္မာႏိုင္ငံဆိုင္ ရာတ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသံအမတ္ႀကီးတို႔သည္ အဖြဲ႕၀င္မ်ား ႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ ႐ိုက္ခဲ့ ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်  ဇူလိုင်  ၁၀

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Chen Hai  အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင်မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားရှေးယခင်ကတည်း က ဆက်ဆံရေးကောင်းမွန်ခဲ့မှု နှင့် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင်ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုအခြေအနေများနှင့်အခက်အခဲအခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံတော်အစိုးရနှင့်တပ်မတော်မှဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှအပြုသဘောကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် မြန်မာနိုင်ငံဆိုင် ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့သည် အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

 

Recent News