ေလျပင္းတုိက္ခတ္မႈ ျဖစ္ပြားခဲ့သည့္ဒလၿမိဳ႕နယ္၊ သေရာတန္းေက်းရြာ၌ ကူညီကယ္ဆယ္ေရး ေဆာင္ရြက္

 

ေနျပည္ေတာ္  ဇူလုိင္   ၁ဝ

ရန္ကုန္တုိင္းေဒသႀကီး၊    ဒလၿမိဳ႕နယ္၊ သေရာတန္းေက်းရြာ၌ ဇူလုိင္ ၇ ရက္ ညပုိင္းတြင္    ေလျပင္းတုိက္ခတ္မႈ ျဖစ္ပြားခဲ့ရာ ေက်းရြာရွိ ေနအိမ္ ၁ဝ လံုးႏွင့္ အေျခခံပညာမူလတန္း လြန္ေက်ာင္းမ်ား၏ အမိုးမ်က္ႏွာၾကက္မ်ား ပ်က္စီးျခင္း၊ ေက်ာင္းဝင္းႏွင့္ေက်းရြာအတြင္းရွိ သစ္ပင္မ်ားလဲက်ျခင္း၊ ရြာလယ္တံတား က်ဳိးပဲ့ပ်က္စီးျခင္းမ်ား ျဖစ္ေပၚခဲ့သည္။

အဆုိပါ  ေလျပင္းတုိက္ခတ္မႈ ျဖစ္ပြားခဲ့သည့္ ေနရာသို႔ ဇူလုိင္ ၉ ရက္ နံနက္ပုိင္းတြင္ ဒလတပ္နယ္မွ    တပ္မေတာ္သားမ်ားက သြားေရာက္၍ ေနအိမ္မ်ားႏွင့္ ေက်ာင္းရွိ အမိုးလန္ပ်က္စီးမႈမ်ားအား ျပန္လည္ျပဳျပင္ေပးျခင္း၊ လဲက်ေနသည့္ သစ္ပင္သစ္ကုိင္းမ်ား ဖယ္ရွားေပးျခင္းႏွင့္ ရြာလယ္တံတား က်ဳိးပဲ့ပ်က္စီးမႈမ်ားအား  ျပန္လည္ျပဳျပင္ ေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည့်ဒလမြို့နယ်၊ သရောတန်းကျေးရွာ၌ ကူညီကယ်ဆယ်ရေး ဆောင်ရွက်

နေပြည်တော်  ဇူလိုင်   ၁ဝ

ရန်ကုန်တိုင်းဒေသကြီး၊    ဒလမြို့နယ်၊ သရောတန်းကျေးရွာ၌ ဇူလိုင် ၇ ရက် ညပိုင်းတွင်    လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာရှိ နေအိမ် ၁ဝ လုံးနှင့် အခြေခံပညာမူလတန်း လွန်ကျောင်းများ၏ အမိုးမျက်နှာကြက်များ ပျက်စီးခြင်း၊ ကျောင်းဝင်းနှင့်ကျေးရွာအတွင်းရှိ သစ်ပင်များလဲကျခြင်း၊ ရွာလယ်တံတား ကျိုးပဲ့ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ  လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာသို့ ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ဒလတပ်နယ်မှ    တပ်မတော်သားများက သွားရောက်၍ နေအိမ်များနှင့် ကျောင်းရှိ အမိုးလန်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ လဲကျနေသည့် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းနှင့် ရွာလယ်တံတား ကျိုးပဲ့ပျက်စီးမှုများအား  ပြန်လည်ပြုပြင် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News