ေမာ္လၿမိဳင္ၿမိဳ႕၊ အမွတ္(၈) အေျခခံပညာ အလယ္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေက်ာင္းက်န္းမာေရး စစ္ေဆးကုသ

 

ေနျပည္ေတာ္  ဇူလိုင္  ၁ဝ

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ဖက္တန္း ရပ္ကြက္၊ အမွတ္(၈)အေျခခံပညာအလယ္ တန္းေက်ာင္းရွိ    ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်ာင္း၌ ေက်ာင္းက်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က   ဆရာ၊ ဆရာမ ၄၂ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၅၁၄ ဦးတို႔ကို  အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ ေသြးအုပ္စု ခြဲျခားေပးျခင္း၊ ႏွလံုးေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ပတ္သက္၍   လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသျခင္းမ်ား ေဆာင္ ရြက္ေပးသည္။

ထုိ႔ျပင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား မိုးရာသီတြင္ ျဖစ္ပြားတတ္ေသာ ေသြးလြန္တုပ္ေကြး ေရာဂါႏွင့္ တစ္ကိုယ္ေရ သန္႔ရွင္းေရးအေၾကာင္း က်န္းမာေရး အသိပညာေပး   ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မော်လမြိုင်မြို့၊ အမှတ်(၈) အခြေခံပညာ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးကုသ

နေပြည်တော်  ဇူလိုင်  ၁ဝ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်း ရပ်ကွက်၊ အမှတ်(၈)အခြေခံပညာအလယ် တန်းကျောင်းရှိ    ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က   ဆရာ၊ ဆရာမ ၄၂ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၅၁၄ ဦးတို့ကို  အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စု ခွဲခြားပေးခြင်း၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင် ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း ကျန်းမာရေး အသိပညာပေး   ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News