ေခ်ာင္းေရႀကီး မႈေၾကာင့္ပ်က္စီးခဲ့သည့္ ေတာင္ငူၿမိဳ႔နယ္၊ အင္တဲေက်းရြာရွိ ေခ်ာင္းျဖဴေခ်ာင္း တာေပါင္အား ျပန္လည္ ျပဳျပင္

 

ေနျပည္ေတာ္   ဇူလိုင္  ၁၀

ပဲခူးတိုင္းေဒသႀကီး၊    ေတာင္ငူၿမိဳ႕နယ္အတြင္း ဇူလိုင္  ၉ ရက္တြင္  မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ အင္တဲ ေက်းရြာ အနီးရွိ   ေခ်ာင္းျဖဴေခ်ာင္း ေရျမင့္တက္ လာၿပီး  ေက်းရြာတာေပါင္အား   ေပ ၂၀ ခန္႔ေရေက်ာ္ ျမင့္တက္ကာ ေက်းရြာ အတြင္းသို႔ ေရမ်ား ၀င္ေရာက္လာခဲ့သည္။

အဆိုပါ    ေခ်ာင္းေရ၀င္ေရာက္မႈျဖစ္ေပၚခဲ့သည့္ ေက်းရြာသို႔ ဇူလိုင္ ၉ ရက္ ညေနပိုင္းတြင္ ေတာင္ပိုင္း တုိင္းစစ္ဌာနခ်ဳပ္၊ ေတာင္ငူ တပ္နယ္မွ တပ္မေတာ္သား မ်ားကသြားေရာက္၍    ရြာသူ၊ ရြာသားမ်ားႏွင့္အတူ ေခ်ာင္းျဖဴေခ်ာင္း တာေပါင္ ေရေက်ာ္သည့္ ေနရာမ်ားအား သဲအိတ္မ်ားဖို႔ျခင္းႏွင့္ လိုအပ္သည့္ကူညီကယ္ဆယ္ ေရးလုပ္ငန္းမ်ား  ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ချောင်းရေကြီး မှုကြောင့်ပျက်စီးခဲ့သည့် တောင်ငူမြို့နယ်၊ အင်တဲကျေးရွာရှိ ချောင်းဖြူချောင်း တာပေါင်အား ပြန်လည် ပြုပြင်

နေပြည်တော်   ဇူလိုင်  ၁၀

ပဲခူးတိုင်းဒေသကြီး၊    တောင်ငူမြို့နယ်အတွင်း ဇူလိုင်  ၉ ရက်တွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အင်တဲ ကျေးရွာ အနီးရှိ   ချောင်းဖြူချောင်း ရေမြင့်တက် လာပြီး  ကျေးရွာတာပေါင်အား   ပေ ၂၀ ခန့်ရေကျော် မြင့်တက်ကာ ကျေးရွာ အတွင်းသို့ ရေများ ဝင်ရောက်လာခဲ့သည်။

အဆိုပါ    ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာသို့ ဇူလိုင် ၉ ရက် ညနေပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တောင်ငူ တပ်နယ်မှ တပ်မတော်သား များကသွားရောက်၍    ရွာသူ၊ ရွာသားများနှင့်အတူ ချောင်းဖြူချောင်း တာပေါင် ရေကျော်သည့် နေရာများအား သဲအိတ်များဖို့ခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ  ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News