တပ္မေတာ္နည္းပညာတကၠသိုလ္ဗိုလ္ေလာင္း အလိုရွိသည္

တပ္မေတာ္နည္းပညာတကၠသိုလ္ဗိုလ္ေလာင္း အလိုရွိသည္

၁။      ေလွ်ာက္ထားသူသည္-

(က)   ၂၀၂၀ ျပည့္နွစ္၊ ဇန္နဝါရီလ (၁) ရက္ေန႔တြင္ အသက္(၁၆)နွစ္ေအာက္ မငယ္ရ၊ (၁၈)နွစ္ထက္ မၾကီးရ။

(ခ)     ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံသား အိမ္ေထာင္ မရွိဖူးသူ (လူပ်ိဳ)ျဖစ္ရမည္။

(ဂ)     အနည္းဆုံး အရပ္ (၅)ေပ၊ (၃)လက္မနွင့္ ကိုယ္အေလးခ်ိန္ ေပါင္(၁ဝဝ)ထက္မနည္းရ၊ ေပါင္(၁၄ဝ)ထက္ မေက်ာ္ရ။

(ဃ)   မ်က္မွန္ တပ္ဆင္ထားသူမ်ား မျဖစ္ေစရ။

(င)     ၂၀၁၉ ခုနွစ္တြင္ က်င္းပျပဳလုပ္ခဲ့ေသာ တကၠသိုလ္ဝင္ စာေမးပြဲတြင္ သိပၸံ ဘာသာတြဲ (သို႔မဟုတ္) ဝိပၸံ ဘာသာ တြဲျဖင့္ ေျဖဆို ေအာင္ျမင္သူျဖစ္ရမည္။

၂။      ေလွ်ာက္လႊာမ်ားကို မိမိတို႔နွင့္ နီးစပ္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားတြင္ ၂၀၁၉ ခုနွစ္၊ ဇြန္လ (၁၂) ရက္ေန႔ မွစ၍ အခမဲ့ ရယူနိုင္သည္။

၃။      ေလွ်ာက္လႊာ နွင့္အတူ အက်င့္စာရိတၱ ေကာင္းမြန္ေၾကာင္း သက္ဆိုင္ရာ တိုင္းေဒသၾကီး၊ ျပည္နယ္၊ ျမိဳ႕နယ္ ရဲတပ္ဖြဲ႕ စခန္း တစ္ခုခုမွ ေထာက္ခံစာ(မူရင္း)နွင့္ ပတ္စ္ပို႔ အရြယ္ ဓာတ္ပုံ(၃)ပုံ ပူးတြဲတင္ျပရမည္။

၄။      ေလွ်ာက္လႊာကို ၂၀၁၉ ခုနွစ္၊ ဇူလိုင္လ (၃၁)ရက္ေန့ေနာက္ဆုံးထား၍ ေလွ်ာက္လႊာ ထုတ္ယူခဲ့ေသာ တိုင္းစစ္ ဌာနခ်ဳပ္မ်ားသို႔ ျပန္လည္ ေပးပို႔ၾကရမည္။

၅။      သတ္မွတ္ခ်က္နွင့္ ျပည့္စုံျပီး အရည္အခ်င္း ျပည့္မီေသာ ေလွ်ာက္လႊာရွင္မ်ားသာ တပ္မေတာ္ နည္းပညာ တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း ဝင္ခြင့္ အရည္အခ်င္း စစ္စာေမးပြဲကို ေျဖဆိုၾကရမည္။

၆။      တပ္မေတာ္ နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း ဝင္ခြင့္အရည္အခ်င္းစစ္ စာေမးပြဲတြင္   တကၠသိုလ္ ဝင္ စာေမးပြဲ သင္ရိုးညႊန္းတမ္း အတိုင္း ေအာက္ပါ ဘာသာရပ္မ်ားကို ေျဖဆိုၾကရမည္-

(က)   အဂၤလိပ္စာ။

(ခ)     သခၤ်ာ။

၇။ ဝင္ခြင့္ အရည္အခ်င္းစစ္ စာေမးပြဲကို ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ(၁၇)ရက္ေန႔တြင္ မိမိတို႔ေလွ်ာက္လႊာ တင္သြင္းရာ တိုင္းစစ္ဌာနခ်ဳပ္ တည္ရွိသည့္ ျမိဳ႕၌ ေျဖဆိုၾကရမည္။

၈။ ဝင္ခြင့္ အရည္အခ်င္းစစ္ စာေမးပြဲ ေျဖဆိုရမည့္ ေနရာနွင့္ အခ်ိန္ကို သတင္းစာမွ ေၾကာ္ျငာေပးမည္။

၉။ ေျဖဆိုရမည့္ ခုံအမွတ္မွာ ေလွ်ာက္လႊာတြင္ ေဖာ္ျပထားသည့္ ခုံအမွတ္ အတိုင္းျဖစ္သည္။

၁၀။ ဝင္ခြင့္အရည္အခ်င္း စစ္စာေမးပြဲ ေျဖဆိုေအာင္ျမင္သူမ်ားသည္ တပ္မေတာ္ ဗိုလ္ေရြးအဖြဲ႕တြင္ ဝင္ေရာက္ အစစ္ ေဆးခံရမည္။ တပ္မေတာ္ ဗိုလ္ေရြးအဖြဲ႕တြင္ ဝင္ေရာက္ အစစ္ေဆးခံရန္ အေၾကာင္းၾကားစာမ်ားကို သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားမွ တစ္ဆင့္ အခ်ိန္မီ ေပးပို႔သြားမည္။

၁၁။    သတ္မွတ္ထားသည့္ အခ်က္အလက္မ်ား တိက်ျပည့္စုံစြာ ေရးသားေဖာ္ျပျခင္း မျပဳေသာ ေလွ်ာက္လႊာမ်ား၊ မမွန္မကန္ ျဖည့္စြက္ ေရးသားေဖာ္ျပေသာ ေလွ်ာက္လႊာမ်ားနွင့္ အခ်ိန္မီ မေရာက္ရွိေသာ ေလွ်ာက္လႊာမ်ားအား  ထည့္သြင္း စဉ္းစားမည္ မဟုတ္ပါ။ မိမိတို႔ ေလွ်ာက္လႊာတင္သြင္းသည့္ ဌာနတြင္ ေရြးခ်ယ္ျခင္း ခံရသည္/မခံရ သည္ကို သြားေရာက္ စုံစမ္းေမးျမန္း နိုင္သည္။

စစ္ရာထူးခန္႔ခ်ဳပ္ရုံး

ကာကြယ္ေရးဦးစီးခ်ဳပ္ရုံး(ၾကည္း) 

(Unicode Version)

တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်း အလိုရှိသည်

၁။      လျှောက်ထားသူသည်-

(က)   ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။

(ခ)     ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား အိမ်ထောင် မရှိဖူးသူ (လူပျို)ဖြစ်ရမည်။

(ဂ)     အနည်းဆုံး အရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ)ထက်မနည်းရ၊ ပေါင်(၁၄ဝ)ထက် မကျော်ရ။

(ဃ)   မျက်မှန် တပ်ဆင်ထားသူများ မဖြစ်စေရ။

(င)     ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံ ဘာသာတွဲ (သို့မဟုတ်) ဝိပ္ပံ ဘာသာ တွဲဖြင့် ဖြေဆို အောင်မြင်သူဖြစ်ရမည်။

၂။      လျှောက်လွှာများကို မိမိတို့နှင့် နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ မှစ၍ အခမဲ့ ရယူနိုင်သည်။

၃။      လျှောက်လွှာ နှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ပတ်စ်ပို့ အရွယ် ဓာတ်ပုံ(၃)ပုံ ပူးတွဲတင်ပြရမည်။

၄။      လျှောက်လွှာကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာ ထုတ်ယူခဲ့သော တိုင်းစစ် ဌာနချုပ်များသို့ ပြန်လည် ပေးပို့ကြရမည်။

၅။      သတ်မှတ်ချက်နှင့် ပြည့်စုံပြီး အရည်အချင်း ပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့် အရည်အချင်း စစ်စာမေးပွဲကို ဖြေဆိုကြရမည်။

၆။      တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲတွင်   တက္ကသိုလ် ဝင် စာမေးပွဲ သင်ရိုးညွှန်းတမ်း အတိုင်း အောက်ပါ ဘာသာရပ်များကို ဖြေဆိုကြရမည်-

(က)   အင်္ဂလိပ်စာ။

(ခ)     သင်္ချာ။

၇။ ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့တွင် မိမိတို့လျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ် တည်ရှိသည့် မြို့၌ ဖြေဆိုကြရမည်။

၈။ ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည့် နေရာနှင့် အချိန်ကို သတင်းစာမှ ကြော်ငြာပေးမည်။

၉။ ဖြေဆိုရမည့် ခုံအမှတ်မှာ လျှောက်လွှာတွင် ဖော်ပြထားသည့် ခုံအမှတ် အတိုင်းဖြစ်သည်။

၁၀။ ဝင်ခွင့်အရည်အချင်း စစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် တပ်မတော် ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက် အစစ် ဆေးခံရမည်။ တပ်မတော် ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက် အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အချိန်မီ ပေးပို့သွားမည်။

၁၁။    သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်း မပြုသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက် ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား  ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ မိမိတို့ လျှောက်လွှာတင်သွင်းသည့် ဌာနတွင် ရွေးချယ်ခြင်း ခံရသည်/မခံရ သည်ကို သွားရောက် စုံစမ်းမေးမြန်း နိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

Recent News