စစ္တကၠသိုလ္ဗိုလ္ေလာင္း အလိုရွိသည္

စစ္တကၠသိုလ္ဗိုလ္ေလာင္း အလိုရွိသည္

၁။ ေလွ်ာက္ထားသူသည္-

(က) ၂၀၂၀ ျပည့္နွစ္၊ ဇန္နဝါရီလ (၁) ရက္ေန႔တြင္ အသက္(၁၆)နွစ္ေအာက္ မငယ္ရ၊ (၁၈)နွစ္ထက္ မၾကီးရ။

(ခ) ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံသား အိမ္ေထာင္ မရွိဖူးသူ (လူပ်ိဳ)ျဖစ္ရမည္။

(ဂ)     အနည္းဆုံးအရပ္ (၅)ေပ၊ (၃)လက္မနွင့္ ကိုယ္အေလးခ်ိန္ ေပါင္(၁၀၀)ထက္ မနည္းရ၊ ေပါင္(၁၄၀) ထက္ မေက်ာ္ရ။

(ဃ) မ်က္မွန္ တပ္ဆင္ထားသူမ်ား မျဖစ္ေစရ။

(င)     ၂၀၁၈ ခုနွစ္(သို႔မဟုတ္)၂၀၁၉ ခုနွစ္တြင္ က်င္းပျပဳလုပ္ခဲ့ေသာ တကၠသိုလ္ဝင္ စာေမးပြဲတြင္ ေျဖဆို ေအာင္ျမင္ သူ ျဖစ္ရမည္။

၂။      ေလွ်ာက္လႊာမ်ားကို မိမိတို႔နွင့္ နီးစပ္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားတြင္ ၂၀၁၉ခုနွစ္၊ ဇြန္လ (၁၂)ရက္ေန႔ မွစ၍ အခမဲ့ ရယူနိုင္သည္။

၃။      ေလွ်ာက္လႊာ နွင့္အတူ အက်င့္စာရိတၱ ေကာင္းမြန္ေၾကာင္း သက္ဆိုင္ရာ တိုင္းေဒသျကီး၊ ျပည္နယ္၊ ျမိဳ႕နယ္ ရဲတပ္ဖြဲ႕ စခန္း တစ္ခုခုမွ ေထာက္ခံစာ(မူရင္း)နွင့္ ပတ္စ္ပို႔ အရြယ္ဓာတ္ပုံ(၃)ပုံ ပူးတြဲတင္ျပရမည္။

၄။      ေလွ်ာက္လႊာကို ၂၀၁၉ ခုနွစ္၊ ဇူလိုင္လ (၃၁)ရက္ေန့ ေနာက္ဆုံးထား၍ ေလွ်ာက္လႊာထုတ္ယူခဲ့ေသာ တိုင္းစစ္ဌာန ခ်ဳပ္မ်ားသို႔ ျပန္လည္ ေပးပို႔ၾကရမည္။

၅။      သတ္မွတ္ခ်က္နွင့္ ျပည့္စုံျပီး အရည္အခ်င္းျပည့္ မီေသာ ေလွ်ာက္လႊြာရွင္မ်ားသာ စစ္တကၠသိုလ္ ဗိုလ္ေလာင္း သင္တန္း ဝင္ခြင့္ အရည္အခ်င္း စစ္စာေမးပြဲကို ေျဖဆိုၾကရမည္။

၆။      စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း ဝင္ခြင့္အရည္အခ်င္းစစ္ စာေမးပြဲတြင္ တကၠသိုလ္ဝင္ စာေမးပြဲ သင္ရိုး ညႊန္းတမ္း အတိုင္း ေအာက္ပါ ဘာသာရပ္မ်ားကို ေျဖဆိုၾကရမည္-

(က)   အဂၤလိပ္စာ။

(ခ)     သခ်ၤာ။

၇။      ဝင္ခြင့္အရည္အခ်င္းစစ္ စာေမးပြဲကို ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ(၁၈)ရက္ေန႕တြင္ မိမိတို႔ေလွ်ာက္္လႊာ တင္သြင္းရာ တိုင္းစစ္ဌာနခ်ဳပ္ တည္ရွိသည့္ျမိဳ႕၌ ေျဖဆိုၾကရမည္။

၈။      ဝင္ခြင့္အရည္အခ်င္းစစ္ စာေမးပြဲ ေျဖဆိုရမည့္ ေနရာနွင့္ အခ်ိန္ကို သတင္းစာမွ ေၾကာ္ျငာေပးမည္။

၉။      ေျဖဆိုရမည့္ ခုံအမွတ္မွာ ေလွ်ာက္လႊာတြင္ ေဖာ္ျပထားသည့္ ခုံအမွတ္အတိုင္းျဖစ္သည္။

၁၀။    ဝင္ခြင့္အရည္အခ်င္းစစ္ စာေမးပြဲ ေျဖဆို ေအာင္ျမင္သူမ်ားသည္ တပ္မေတာ္ ဗိုလ္ေရြး အဖြဲ႕တြင္ ဝင္ေရာက္ အစစ္ ေဆးခံရမည္။ တပ္မေတာ္ဗိုလ္ေရြး အဖြဲ႕တြင္ ဝင္ေရာက္ အစစ္ေဆးခံရန္ အေၾကာင္းၾကား စာမ်ားကို သက္ဆိုင္ ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားမွ တစ္ဆင့္ အခ်ိန္မီ ေပးပို႔သြားမည္။

၁၁။    သတ္မွတ္ထားသည့္ အခ်က္အလက္မ်ား တိက်ျပည့္စုံစြာ ေရးသားေဖာ္ျပျခင္းမျပဳေသာ ေလွ်ာက္လႊာမ်ား၊ မမွန္မကန္ျဖည့္စြက္ေရးသား ေဖာ္ျပေသာ ေလွ်ာက္လႊာမ်ားနွင့္ အခ်ိန္မီ မေရာက္ရွိေသာ ေလွ်ာက္လႊာမ်ားအား ထည့္သြင္း စဉ္းစားမည္ မဟုတ္ပါ။ မိမိတို႔ ေလွ်ာက္လႊာ တင္သြင္းသည့္ ဌာနတြင္ ေရြးခ်ယ္ျခင္း ခံရသည္/ မခံရသည္ကို သြားေရာက္ စုံစမ္း ေမးျမန္းနိုင္သည္။

စစ္ရာထူးခန္႔ခ်ဳပ္ရုံး

ကာကြယ္ေရး ဦးစီးခ်ဳပ္ရုံး(ၾကည္း)

(Unicode Version)

စစ်တက္ကသိုလ်ဗိုလ်လောင်း အလိုရှိသည်

၁။ လျှောက်ထားသူသည်-

(က) ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။

(ခ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား အိမ်ထောင် မရှိဖူးသူ (လူပျို)ဖြစ်ရမည်။

(ဂ)     အနည်းဆုံးအရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)ထက် မနည်းရ၊ ပေါင်(၁၄၀) ထက် မကျော်ရ။

(ဃ) မျက်မှန် တပ်ဆင်ထားသူများ မဖြစ်စေရ။

(င)     ၂၀၁၈ ခုနှစ်(သို့မဟုတ်)၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆို အောင်မြင် သူ ဖြစ်ရမည်။

၂။      လျှောက်လွှာများကို မိမိတို့နှင့် နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂၀၁၉ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့ မှစ၍ အခမဲ့ ရယူနိုင်သည်။

၃။      လျှောက်လွှာ နှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ပတ်စ်ပို့ အရွယ်ဓာတ်ပုံ(၃)ပုံ ပူးတွဲတင်ပြရမည်။

၄။      လျှောက်လွှာကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သော တိုင်းစစ်ဌာန ချုပ်များသို့ ပြန်လည် ပေးပို့ကြရမည်။

၅။      သတ်မှတ်ချက်နှင့် ပြည့်စုံပြီး အရည်အချင်းပြည့် မီသော လျှောက်လွှွာရှင်များသာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း ဝင်ခွင့် အရည်အချင်း စစ်စာမေးပွဲကို ဖြေဆိုကြရမည်။

၆။      စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲတွင် တက္ကသိုလ်ဝင် စာမေးပွဲ သင်ရိုး ညွှန်းတမ်း အတိုင်း အောက်ပါ ဘာသာရပ်များကို ဖြေဆိုကြရမည်-

(က)   အင်္ဂလိပ်စာ။

(ခ)     သင်္ချာ။

၇။      ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့တွင် မိမိတို့လျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ် တည်ရှိသည့်မြို့၌ ဖြေဆိုကြရမည်။

၈။      ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည့် နေရာနှင့် အချိန်ကို သတင်းစာမှ ကြော်ငြာပေးမည်။

၉။      ဖြေဆိုရမည့် ခုံအမှတ်မှာ လျှောက်လွှာတွင် ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။

၁၀။    ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ ဖြေဆို အောင်မြင်သူများသည် တပ်မတော် ဗိုလ်ရွေး အဖွဲ့တွင် ဝင်ရောက် အစစ် ဆေးခံရမည်။ တပ်မတော်ဗိုလ်ရွေး အဖွဲ့တွင် ဝင်ရောက် အစစ်ဆေးခံရန် အကြောင်းကြား စာများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အချိန်မီ ပေးပို့သွားမည်။

၁၁။    သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက်ရေးသား ဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ မိမိတို့ လျှောက်လွှာ တင်သွင်းသည့် ဌာနတွင် ရွေးချယ်ခြင်း ခံရသည်/ မခံရသည်ကို သွားရောက် စုံစမ်း မေးမြန်းနိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)

 

 

 

Recent News