မိုးေကာင္းၿမိဳ႔၊ ၿမိဳ႕ေတာ္ခန္းမ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္  ဇူလုိင္  ၁၁

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕ေပၚႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ သံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔တြင္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က  မိုးေကာင္းၿမိဳ႕၊  ၿမိဳ႕ေတာ္ခန္းမ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုုသ ေရးအဖြဲ႕က သံဃာေတာ္ ၈၉ ပါး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၁၁ဝ ဦးႏွင့္ ေဒသခံျပည္သူ၅၆၆ ဦးတို႔ကို ဆင္တုပ္ေကြးေရာဂါ၊ ေသြးတိုး ေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊  ဆီးခ်ဳိ၊  ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကိုတိုင္းမွဴး ဗိုလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

မိုးကောင်းမြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၁၁

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က  မိုးကောင်းမြို့၊  မြို့တော်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၈၉ ပါး၊ ကျောင်းသား၊ ကျောင်းသူ ၁၁ဝ ဦးနှင့် ဒေသခံပြည်သူ၅၆၆ ဦးတို့ကို ဆင်တုပ်ကွေးရောဂါ၊ သွေးတိုး ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊  ဆီးချို၊  သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကိုတိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News