လပြတၲာၿမိဳ႔နယ္၊ ဂန္ေခ်ာင္းေက်းရြာ၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

 

ေနျပည္ေတာ္   ဇူလိုင္   ၁၁

ဧရာဝတီတုိင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္၊ ေက်ာက္တန္းႀကီးအုပ္စု၊ ဂန္ေခ်ာင္းေက်းရြာ ႏွင့္ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား ဇူလိုင္ ၁ဝ ရက္ႏွင့္ ယေန႔ တို႔တြင္ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က  အဆုိပါ ေက်းရြာရွိ   သစၥာပါရမီေတာရဓမၼရကိၡတ ေက်ာင္းတုိက္၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္တစ္ပါး၊ ဆရာ၊ ဆရာမသံုးဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၈၃ ဦးႏွင့္ ေဒသခံျပည္သူ ၃ဝ၉ ဦးတုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/မီးယပ္ ေရာဂါ၊ ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ႏွလံုး ေရာဂါ၊ အဆုတ္ေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ ပန္းနာရင္က်ပ္ေရာဂါ၊   အ႐ိုး/အေၾကာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ပတ္သက္၍    လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ ေဆးကုသေရးအဖြဲ႕က သြားေရာဂါႏွင့္  ေသြးလြန္တုပ္ေကြးေရာဂါအေၾကာင္း  က်န္းမာေရးအသိပညာေပး ေဟာေျပာေဆြး ေႏြးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေက်ာင္းတုိက္ရွိ ဆရာေတာ္ဘဒၵႏၲေကာသလႅအား ဖူးေျမာ္ကာ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း၍ ေက်ာင္းသား၊   ေက်ာင္းသူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လပွတ္တာမြို့နယ်၊ ဂန်ချောင်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီးအုပ်စု၊ ဂန်ချောင်းကျေးရွာ နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ဇူလိုင် ၁ဝ ရက်နှင့် ယနေ့ တို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က  အဆိုပါ ကျေးရွာရှိ   သစ္စာပါရမီတောရဓမ္မရက္ခိတ ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်တစ်ပါး၊ ဆရာ၊ ဆရာမသုံးဦး၊ ကျောင်းသား၊ ကျောင်းသူ ၈၃ ဦးနှင့် ဒေသခံပြည်သူ ၃ဝ၉ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံး ရောဂါ၊ အဆုတ်ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊   အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍    လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က သွားရောဂါနှင့်  သွေးလွန်တုပ်ကွေးရောဂါအကြောင်း  ကျန်းမာရေးအသိပညာပေး ဟောပြောဆွေး နွေးခြင်းများဆောင်ရွက်ပေးပြီး ကျောင်းတိုက်ရှိ ဆရာတော်ဘဒ္ဒန္တကောသလ္လအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ကျောင်းသား၊   ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News