အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္၌ တကၠသိုလ္၀င္ စာေမးပြဲတြင္ ထူးခၽြန္စြာေအာင္ျမင္ခဲ႕ၾကေသာ စစ္သည္မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္

 

ေနျပည္ေတာ္ ဇူလိုင္ ၁၁

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ တကၠသိုလ္၀င္ စာေမးပြဲတြင္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာ စစ္သည္မ်ား၊ တပ္မေတာ္သား မိသားစု၀င္ သားသမီးမ်ားႏွင့္ စစ္မႈထမ္းေဟာင္းမိသားစု၀င္ သားသမီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ဂုဏ္ျပဳ ခ်ီးျမႇင့္ခဲ့သည့္ ခ်ီးျမႇင့္ေငြမ်ား ထပ္ဆင့္ေပးအပ္ျခင္းႏွင့္ တိုင္းစစ္ဌာနခ်ဳပ္မွ ဂုဏ္ျပဳ ခ်ီးျမႇင့္ပြဲကုိ ယေန႔နံနက္ပုိင္းတြင္ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ ဧရာ၀တီခန္းမ၌ ျပဳလုပ္ရာ တုိင္းမွဴး ဗုိလ္ခ်ဳပ္ ရဲ၀င္းဦးႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ မိဘမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အဖြင့္ အမွာစကားေျပာၾကားသည္။ ထုိ႔ေနာက္ ဆုေပးပြဲကို ဆက္လက္ ျပဳလုပ္ရာ ၂၀၁၈-၂၀၁၉  ပညာသင္ ႏွစ္တြင္ တကၠသိုလ္၀င္ စာေမးပြဲ၌ ၆ ဘာသာ ဂုဏ္ထူးရွင္ ေလးဦး၊ ၄ ဘာသာဂုဏ္ထူးရွင္ ႏွစ္ဦး၊ ၃ ဘာသာဂုဏ္ထူးရွင္ ငါးဦး၊ ၂ ဘာသာဂုဏ္ထူး ရွင္ ငါးဦး၊ ၁ ဘာသာဂုဏ္ထူးရွင္ ၁၄ ဦးႏွင့္ စစ္သည္ ေလးဦး၊ ႐ိုး႐ိုးေအာင္ျမင္သူ  ၇၈ ဦး ႏွင့္ စစ္သည္ သံုးဦးတို႔အား တုိင္းမွဴးႏွင့္အဖြဲ႕ ၀င္မ်ားက ဂုဏ္ျပဳဆုေငြႏွင့္ ဂုဏ္ျပဳမွတ္တမ္း လႊာမ်ား အသီးသီး ေပးအပ္ခ်ီးျမႇင့္ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အနောက်တောင်တိုင်း စစ်ဌာနချုပ်၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော စစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် ဇူလိုင် ၁၁

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီးများနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီး ကျောင်းသား၊ ကျောင်းသူများအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြု ချီးမြှင့်ခဲ့သည့် ချီးမြှင့်ငွေများ ထပ်ဆင့်ပေးအပ်ခြင်းနှင့် တိုင်းစစ်ဌာနချုပ်မှ ဂုဏ်ပြု ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ၂၀၁၈-၂၀၁၉  ပညာသင် နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ၆ ဘာသာ ဂုဏ်ထူးရှင် လေးဦး၊ ၄ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ငါးဦး၊ ၂ ဘာသာဂုဏ်ထူး ရှင် ငါးဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၄ ဦးနှင့် စစ်သည် လေးဦး၊ ရိုးရိုးအောင်မြင်သူ  ၇၈ ဦး နှင့် စစ်သည် သုံးဦးတို့အား တိုင်းမှူးနှင့်အဖွဲ့ ဝင်များက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News