အေရွ႔အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဒိုင္း စစ္တုရင္ၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ဆုေပးပြဲျပဳလုပ္

 

ေနျပည္ေတာ္ ဇူလိုင္ ၁၁

အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၏ ၂၀၁၉ ခုႏွစ္၊ တုိင္းမွဴးဒိုင္း စစ္တုရင္ၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ဆုေပးပြဲကို ဇူလိုင္ ၁၀ ရက္ ညေန ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊ ေအာင္ေဇယ် ခန္းမ၌ျပဳလုပ္ရာ တိုင္းမွဴး ဗိုလ္ခ်ဳပ္သန္းလႈိင္ ႏွင့္အရာရွိ၊ စစ္သည္၊  မိသားစုမ်ား၊ ဒိုင္အဖြဲ႕၀င္မ်ား၊   ၿပိဳင္ပြဲ၀င္အားကစားသမားမ်ားႏွင့္  အားကစား၀ါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾက သူမ်ားက ၿပိဳင္ပြဲ၀င္အသင္းမ်ား၏ ဗိုလ္လုပြဲ ပြဲစဥ္ယွဥ္ၿပိဳင္ ကစားမႈမ်ားကို ၾကည့္႐ႈ အားေပး ၾကသည္။ ထုိ႔ေနာက္ ဆုေပးပြဲကို ဆက္လက္ ျပဳလုပ္ရာ တစ္ဦးခ်င္းဆုရရွိသူမ်ား၊ အသင္း လိုက္ဆု ရရွိၾကသူမ်ားႏွင့္ ဒိုင္းဆုရရွိေသာ အသင္းတုိ႔အား တိုင္းမွဴးႏွင့္ အဖြဲ႕၀င္မ်ားက ဒိုင္းဆုႏွင့္ ဂုဏ္ျပဳဆုမ်ား အသီးသီး ေပးအပ္ၾကသည္။

အဆိုပါ စစ္တုရင္ၿပိဳင္ပြဲကို တုိင္းစစ္ဌာန ခ်ဳပ္ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွၿပိဳင္ပြဲ၀င္အသင္း ၁၁ သင္းျဖင့္ ဇူလုိင္ ၁ ရက္မွ ၁၀ ရက္အထိ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

နေပြည်တော် ဇူလိုင် ၁၁

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဇူလိုင် ၁၀ ရက် ညနေ ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျ ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် နှင့်အရာရှိ၊ စစ်သည်၊  မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊   ပြိုင်ပွဲဝင်အားကစားသမားများနှင့်  အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေး ကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်း လိုက်ဆု ရရှိကြသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲကို တိုင်းစစ်ဌာန ချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် ဇူလိုင် ၁ ရက်မှ ၁၀ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Recent News